ဟိုး​ဝေး​ဝေးက ခရီး​ဆောင်​အိတ်​​လေး



ဟိုး​ဝေး​ဝေးကခရီ​ဆောင်​အိတ်​ထဲက
လေယာဉ်​ဆိုက်​သံကြားရ
ရေမိုးချိုးလို့ ​စောင့်​​နေရ​တော့မလို
ပင်​လယ်​ကို ​မော့​သောက်​မိတဲ့ကိုယ့်​အဖြစ်
ငတ်​မ​ပြေ​တော့တာ မဆန်​ဘူးရယ်​။
ဆက်​မ​ရေး​တော့နဲ့ လင်းဆက်​ပိုင်
ကျုပ်​ငို​နေတာ​တွေ ထပ်​မ​ရေး​တော့နဲ့
ကျုပ်​မသိတဲ့ ​​ကောက်​​​ကွေ့တဲ့​ကမ်းရိုးတန်း​​သီးချင်း​တွေ...
ကြက်​​ခြေခတ်​ထားတဲ့ အကြည့်​စိမ်းစိမ်း​တွေ
မြတ်​နိုးမှု့ကို​ဆေး​ဖော်​​ကြောဖတ်​လုပ်​ခိုင်းမ​နေနဲ့
မေတ္တာတရားဟာ ​နေဝင်​သွားပါပြီ
ဘယ်​ဘက်​တခြမ်းလုံးပုပ်​အဲ့ခဲ့ပြီးပဲ
မင်းနားမလည်​ပါဘူး.....
ရင်​ ခုန်​ သံ ရယ်​...
ရာသီဥတု အပျက်​​တွေကငါ့ကို
အနိုင်​ယူလွန်းတယ်​။


Comments