နွေနဲ့ မတူတဲ့​နွေ

နွေ နဲ့ မတူတဲ့​နွေ
.........................

နွေကဗျာလေးတွေဖတ်ရတာ
ပိုလွမ်းမောဖွယ်ကောင်းတယ် ။

ကျွန်တော်မှာ နွေတစ်ခုရှိတယ်
အရမ်းချစ်ဖို့ကောင်းတဲ့နွေလေးပေါ့ ။

ကျွန်တော့နွေက မပူးဘူးဆိုရင်
ခင်ဗျားတို့ ရူးတယ် ထင်ဦးမယ် ။

တကယ်ပါ....
ကိုယ်က နွေထက် ပိုပူနေမှတော့
..
...
..
....။

အဲ့ဒီ့ပစ္စုန်​ပ္ပန်​ တန်းလန်းကြီးတုန်းက
ေ​နွ-​ရေ...
တကယ်​ပါ အို​အေဆစ်​​လေး လို။

ကိုယ့်​အပူ​တွေ ​နွေကငြိမ်းသက်​​ပေးခဲ့
အသိဥာဏ်​​တွေ လင်းခွင့်​​ပေးခဲ့
လင်းဆက်​ပိုင်​ဆိုတာကို ​မွေးဖွား​ပေးခဲ့ ။

အတိတ်​​တွေက
ကိုယ့်ကို ခါချလိုက်လို့ ....
နွေဟာသစ်​လွင်​ခဲ့မယ်​ဆို ပျိုးမြစ်လန်းဆန်း​​တယ်ဆို
ကိုယ်ေ​​ပျာ်ပါတယ်​​​  ​နွေ။

သစ်​​ခြောက်​အို​ပင်
သြဥငှက်​တစ်​​ကောင်
ပန်းချီ ကား
အမှတ်​တရ
ကဗျာ​ရေး​တစ်​ပုဒ်​...
လက်​ပံပွင့်​တို့ ရဲနီ​ဆွေး
ရွှေ​ရောင်​ ငုဝါ ပိ​တောက်​။

ဒီလို ငါတို့​နွေမှာ ​အေးမြကြတုန်းက​ပေါ့ စိတ်​​တွေ လင်း​တောင်​​ပြောင်​၀င်းလျှက်​​နဲ့
ချစ်​သတ္တိ​တွေဟာ အပူကို မမှု့ပါဘူး​နွေရယ်​....။

ဒါ​ပေမယ့်​ကွယ်​....
စိတ်​နှစ်​ခု တစ်​ရာသီတည်း​အသားကျဖို့
ရာသီ​တွေလီလီ ​မောပမ်းရ
အေးမြခြင်း​တွေအကြိမ်​ကြိမ်​ စိုစွတ်​ရ ။

အကြိမ်​​လီတိုင်း ​​မြာက်ေ​ဖ်ာကိန်းက
သုံည
ရခဲ့ ယူခဲ့
.......​​တွေ ခြား​နေရတုန်းပါပဲ
ကိုယ့်​ရဲ့ ​နွေ-​ရေ...။

19.2.2015
လင်းဆက်​ပိုင်


Comments