တနင်္ဂနွေဟာ အမည်း(မဲ)ရောင်တွေဝတ်ဆင်ထာတယ်
........လင်းဆက်ပိုင်
သူလက်တွေကိုတွဲ ....
မိုးမြေအနှံ့လျှောက်လည်ကြမယ်လို့
ကတိတွေထားခဲ့ဖူးတယ်
နဖူးစာ မှင်ရည်ကျဲခဲ့၍
ခွင့်ပြုမိန့် မရခဲ့ဘူးကွယ်။
ကိုယ်ကလည်းစူပါငတုံးကောင်လေးပေါ့
အိပ်မက်ကို အတိတ်ကောက်ရင်း
ဘဝကိုပုံးအောခဲ့တယ်
ကပ်လွဲမှု့အတွက်....
အိပ်မက်ကျမ်းကို အပြစ်မတင်ချင်တော့ပါ ။
အလင်းရောင်ဟာ
နှလုံးသားထောင့်ကျဉ်းကို
ဘယ်တော့မှ မရောက်နိုင်တာသိပါတယ်
လမင်းအိမ်ရေ...
လွမ်ရကြောင်းတွေ စာမဖွဲ့ချင်တော့ပါ။
တကယ်ပါ
တစ်ရက်လောက်သာမေ့နိုင်ခဲ့ရင်
ငါ့မျက်နှာမှာ အပြုံးတွေဝေနေမှာ
အခုတော့....
မျက်နှာကို လျှော်ဖွတ်လည်း
အရောင်မလက်တော့ဘူးကွယ်။
ဘယ်လို ဆွဲငင်အားလည်း
ဘယ်လိုပိုက်ကွန်မျိုးလည်း
ရုန်းလေးနစ်လေ
မေ့ဖို့ကြိုးစားတိုင်း
ပိုပိုပြီး ဆိုတာထက် ပိုပြီး(အတိုင်းမဲ့)
အမှတ်ထင်ထင်နေ့ရက်တွေပါပဲ
နွေ ။
နွေရေ...
ကိုယ့်မှာ တစ်ကိုယ်လုံးကြွေပေးလိုက်တယ်
တစ်ခတ်လောက်မှ ပြန်မဝေတော့
ခက်သားကွယ်
အရိုးပြိုင်းပြိုင်းနဲ့ ကိုယ်က သစ်ခြောက်ပင်ပါ။
သေချာပါတယ်
ဘယ်သူမှခုတ်လှဲစရာမလိုပါဘူး
ကိုယ့် သဘာဝနဲ့ကိုယ်
မကြာခင်မှာ လဲပြို ကျတော့မှာပါ
ရေသောက်မြစ်ပြက်တဲ့ အပင်ဆိုတာ
ဘယ်လို ဂါထာတွေနဲ့ မန်မှုတ်မှုတ်
ရှင်ပြန်ထမြောက်ခြင်းမရှိတော့ပြီပဲလေ
ဒါဟာ ကျတော့ရဲ့ တနင်္ဂနွေ နေ့လေးလေ။
Comments
Post a Comment