လောင်ကျွမ်းခံအမှောင်တွင်းထဲမှာ
.........လင်းဆက်ပိုင်.......
တစ်ကွေ့ပြီးတစ်ကွေ့ပေါ့
ဘယ်လိုဖြတ်ကျော်ရမယ်ဆိုတာ
ငါမသိနိုင်ပေမယ်...
ရွတ်နေကြ ဂါထာတစ်ပုဒ် ရှိနေလေရဲ့
လိုလိုချင်ချင် သေလိုက်ချင်လည်း
ခက်ခဲလွန်းတယ်...။
အိပ်မက်တွေချည့် ဖြန့်ခင်းနေရတာဆိုတော့
ဘ၀က လက်တွေ့မဆန်ဘူးရယ်
သေကောင်ပေါင်းလဲ
နေ့ များ
ည များ
အငွေ့ပျံ တယ် ။
အပူ
အအေး
အလင်း
အမှောင်
ဆွဲဖွင့်တိုင်း
နုညံခြင်းဟာ
ဟင်းလင်းပြင်တွေချည့်ပဲ။
သိပ်ပျော်စရာကောင်းတယ်ဆိုတာကို
၃မိနစ်လောက်ခံစားကြည့်ချင်တယ်
ဘယ်မှာ .....
သံသရာက မျဉ်းဖြောင့်တွေ လို
မဟုတ်ဘူး
ကိုယ်ထူကိုယ်ထ နေ့ရက်တွေ
ပြင်ဆင်ရင် အိုစားလာတဲ့
နှစ်
ကိုယ်စိုက်ပျိုးသမျှ
အမြစ်တွေသာဆွေးကောင်းဆဲ။
စိတ်ကူးတွေ
အပွင့်လိုက်အခတ်လိုက်
ရှိနေခြင်းကအလွဲတစ်ခုလား
ကိုယ့်ရောဂါနဲ့ ကိုယ်
ကိုယ့်သဘာဝက ရူးစော်နံနေရတယ်
ဘယ်လို ထူထောင်ရမလဲ
နေ့ရက်တွေသစ်လွင်သလောက်
အတိတ်ဟန်မူရာတွေပဲပြည့်နှက်
ဒီလို....
လမ်းသလားလို့မကောင်းသော
ကိုယ်က မိုးမလင်းတဲ့....ည။
သေချာပါတဲ့ပြောတဲ့ မနက်ဖြန်ရဲ့နေခြည်ထဲ
ကတိသစ္စာတွေ
ပွင့်မှာသေချာရဲ့လား
ငါက စိတ်နဲ့အရင်အရောက်နှင်းနေပြီ...။
လောကဓံ နဲ့ အသားမကျနိုင်တဲ့
ကိုယ့်စိတ်နဲ့ကို စူးဝင်နစ်နေတဲ့
ကိုယ်လှမ်းခေါ်လိုက်တဲ့ အက္ခရာများ
အကြင်နာတွေ နားကန်းနေသလိုမျိုး...။
အမှန်တရားပါလို့ ထွန်းညှိလိုက်တဲ့
ဖရောင်းတိုင်အတွက်
လေကြမ်းတွေကို အပြစ် မဖွဲ့ချင်တော့တာ
ခံနိုင်ရည် မှတ်ကျောက်ဟာ မှောင်မည်းလို့။
Comments
Post a Comment