တခါတလေပေါ့ တခါတလေရေ...
တစ်စုံတရာပေါ့ တစ်စုံတရာရေ...
ငါ စောင့်ခဲ့တယ်
လေယာဉ်ပျံဆိုက်ရောက်ချိန်
အိပ်မက်တွေဆိုက်ရောက်ချိန်
ညတွေ နေ့တွေ
နွေတွေ မိုးတွေ
ဆောင်းတွေ နှင်းညိုညိုတွေ
ဘာအတွက်လဲ ငါမသိဘူးရယ်
ဘယ်တော့မှန်းမသိပေမယ့် စောင့်ခဲ့တယ်
အချိန်သင်္ဘော
ပင်လယ်ထဲ ခုတ်မောင်းဆဲ....
နောက် တနေ့နေ့လို့ ခုတ်ထစ်လိုက်တယ်
ကိုယ့် အသက်ရှူသံ မကြားရအချိန်ထိပေါ့ ။
လင်းဆက်ပိုင်
Comments
Post a Comment