အခုချိန်​တိုက်​ခတ်​​နေ​သော​လေပြည်​ပြင်းပြင်းများ


အခုချိန်​တိုက်​ခတ်​​နေ​သော​လေပြည်​ပြင်းပြင်းများ
......လင်းဆက်​ပိုင်

မတည်​မြဲခြင်းများ
တိုးဝင်​တိုက်​ခိုက်​တဲ့အခါ
အနားမှာ ရှိ​စေချင်​တာ
အိပ်​မက်​က​လေးပါ...။

အိပ်​မက်​ဟာ ကျ​နော်​အသက်​ရှူ မှု့
သူသည်​သာ ကိုယ့်​အိပ်​မက်​ကို
စိုးမိုး​နေ​တော့သည်
လမ်းတို့ကား......
ရှည်းလျားသည်ထင်​​​​အောင်​တိုနှံ့တယ်​ ။

တစ်​ကျွန်းတစ်​ပြည်​ အ​နေ​ဝေးစဉ်
မြစ်​လိုအဆက်​မပြက်​စီးဆင်း​နေ​သော
အ​တွေး​ခြေလှမ်းတို့သည်
ယုံကြည်​မှု့သစ္စာတရားတို့ပြည့်​နှက်​​နေ၏။

မျှော်​မှန်းရည်​ အသက်​ရှူ မှု့ထဲမှာ
တစ်​စုံတစ်​ရာဟာ တိမ်​၀င်​​ပျောက်​​နေရ
သံ​ယောဇဉ်​ ကို စွဲလမ်းမိသူပါပဲ
အဓိပ္ပါယ်​ ရှိလှတဲ့ စက္ကန့်​​တွေ
ရင်​ဖွင့်​ကြို ဆိုရင်း.....။

အချိန်​ရဲ့ ကျိန်​စာတိုက်​မှု့ထဲ
ဖေးမတွဲကူ
အိပ်​နားနီးခြင်းနှလုံးသားတို့
အတုံးအရုန်း နားလည်​မှု့လွဲခြင်းများ
ကင်း​ဝေး​စေ​ကြောင်းသာ
ဆု....
ပြည့်​ပါ​စေ။

Comments