ကမ္ဘာသစ်တစ်ခုရှိနေတယ်
.......လင်းဆက်ပိုင်......
Flight No.4 ကို စီးခဲ့တုန်းက။
တူတူပုန်းတမ်းဆော့တဲ့နည်းကို
ဘယ်သူတွေ တီထွင်ခဲ့ကြသလဲ
ကစားလို့မကောင်းတဲ့နည်းပါပဲ
သူက ကိုယ့်ရင်ဘတ်ထဲဝင်ပုန်းနေတာတဲ့
ဒါကြောင့်ထင်တယ် ပိုမောရတယ်။
သူ့စကားလေးတွေ စိတ်ထဲ ဆွဲနေတဲ့ပန်းချီ
ကိုယ်က ဗလာနယ်ပဲထားခဲ့တယ်
ဒါဟာ ပုံသဏ္ဍာန်မျိုးစုံ သူဆွဲဖို့ ကိုယ်ချန်ခဲ့တဲ့ Spsce တစ်ခုပါပဲ...
သူငယ်ချင်းရဲ့စကား
လမင်းထဲက ယုန်ကိုလိုချင်နေတဲ့ လူကြီးတဲ့
အရှိုက်ထိစကားတွေ ဟန်ကိုယ့်ဖို့ ပြုံးရယ်ရင်း.....
ကိုယ့်စိတ်နယ်ကျွံဖြစ်ရပ်အတွက်
ဘာမှ ရှင်းမပြတော့ဘူး။
ဘယ်သူနဲ့မှ မတူတဲ့ ခံစားချက်တစ်ခု
ဒါဟာ အမှန်တရားတစ်ခုပါ
ပါတ်ဝန်းကျင်အတွက်တော့
ကိုယ်က အမှားတွေ ရေးချယ်သူပေါ့
ထားတော့
အရူးတစ်ယောက်ရဲ့ သူမြင်ရတဲ့မြင်ကွင်းတွေအတွက်
ဘယ်လို သိပ္ပံပညာ မှ တွေ့နိုင်မှာမဟုတ်ဘူး။
ဒီလို နေ့ရက်တွေ
တစ်ကိုယ်တည်း တည်ဆောက်မိတဲ့
ကိုယ် ဖြစ်ချင်တာတွေ ဖြစ်ခွင့်
ဖန်တီးထားတဲ့
ကမ္ဘာတစ်ခု....
ဒါဟာ ရှိနေတယ် ရှိမနေဘူး
ဘာပဲဖြစ်ဖြစ် ကိုယ့်ပျော်ရွှင်မှု့
ရင်ခုန်စရာ ကြည်နူးမှု့
နောက်...
ဒါဟာ ကိုယ့် ပိုင်ဆိုင်တဲ့ ပညက်တစ်ခုပေါ့။
13.2.2015
Comments
Post a Comment