နက္ခတ်တခြမ်းစာအလွဲ
လင်းဆက်ပိုင်
ရမ်းဆတွေးမှု့ရဲ့ အမှန်တရားဟာ
အရိပ်သဏ္ဍာန်ပေါ်အထင်မှားမှု့
စိတ်သဏ္ဍာန်ကို မမြင်နိုင်မှု့
သင်္ခါရကို လွန်ဆန်ချင်မှု့သာဖြစ်သည်။
အရာအားလုံးကို ဆန့်ကျင်လို့ပေါ့ကွယ်
နတ်သမီးအိပ်မက်တွေ မက်ကောင်းတုန်း...
အသိတရားရှိသူတစ်ယောက်ရဲ့အမှားဟာ
ဘယ်လောက်ဝမ်းနည်းစရားကောင်းလိုက်သလဲ။
ဒါ ဟာ...
လွမ်းမောစရာအရမ်းကောင်းတယ်
တိမ်တွေဟာ ရွာချမယ်တပြင်ပြင်နဲ့
အအိပ်ပျက် အစားပျက်
ဝမ်းတွင်းရူးရာသီစာတွေ
၁၅၀၀ပေးပြီး ၀ယ်ခဲ့တယ်။
တကယ်ဆိုရင်.....
ဆည်းဆာအလှနဲ့ ပြုံးနေတဲ့
နေမင်းရဲ့ ခြေထောက်ကို လှမ်းဆွဲထားသင့်တယ်
နံနက်ဖြန်အရောက်လာမယ် လို့
ထင်ထား/ထင်လား....
စိတ်ကူးဟာ လက်တွေ့မကျနိုင်ဘူးလေ။
ဒီလိုနဲ့.. ..
ကိုယ်တို့ ကန္တာရ မှာ
စိုက်ပျိုးခဲ့တဲ့နှင်းဆီတွေရဲရဲပွင့်လို့
အလျား အနံ တိုင်းမရအောင်
အိပ်မက်တစ်ခုစာ ဝေးလွင့်ခဲ့
အိုအေဆစ်က ရှားပါးလွန်းတယ်။
သိမ့်ခနဲ ငြိမ့်ခနဲ မှောင်မိုက်နေပုံမျိုး
အိက်မက်တဆင်စာ ထောင်ခြောက်မှာ
ညတာရှည်နေသလောက်
လမင်းအလင်းဟာ သိုးနေတဲ့ရနံ့နဲ့
ငါရင်ဘတ်ကို ကျိန်စာတိုက်သွားတယ်။
Comments
Post a Comment