ဤခရီးနီးသလား ယံကြည့်​မှု့နဲ့တိုက်​ပါမည်


ဤခရီးနီးသလား ယုံကြည်​မှု့နဲ့တိုက်​ပါမည်
.....................................................

လေးပွင့်​ဆိုင်​ အ​ရွေ့မှာ
သ​ဘောတူ ကတိ​တွေ တထစ်​​လျော့ချ
လေလုံးမကွဲဘူး...
ပဋိပက္ခ ​တွေ ပန္နက်​ချချင်​​နေပုံလား
စာပွဲဝိုင်း​ဆွေး​နွေးပွဲ​တွေ
ဘယ်​​တော့မှ အဆင်​မ​ပြေပုံများ
ဒီတစ်​ခါလည်း မိုး​ပေါ်​ထောင်​မပြစ်​ဘူး​ပြောပါဦး...။

တို့​ကျောင်းသားတို့ မာန်
ဖ​နှောက်​တစ်​ချက်​​ပေါက်​ရင်
မီးဟုန်းဟုန်း​တောက်​​စေရမယ်
ဗိုလ်​​အောင်​​ကျော်​​သွေး​တွေစီးဝင်းပူးကပ်
နံပါတ်​တုတ်​ မ​ကြောက်​သူတို့
ချီတက်​ကြပါစို့ ...။

ငရဲတံတားကြီး ဖြတ်​​လျှောက်​ရမယ်
ခ​ရောင်းဆူးလမ်းဖြတ်​​လျှောက်​ရမယ်
မျက်​ရည်​ယိုဗုံး​တွေခင်းတဲ့လမ်းဖြတ်​​လျှောက်​ရမယ်
နောက်​​ကျောကို ရင်​ဘတ်​ကို အလစ်​ထိုးမယ့်
ဓားလမ်း​တွေဖြတ်​​လျှောက်​ရမယ်​ ။


ငြိမ်​ဝပ်​ပိပြား​ရေး တဲ့
သေနတ်​ကိုင်​ပြီး အနိုင်​ကျင့်​တာ
အမှန်​တရားလို့ ​သေချာထစ်​ထားသူတို့
အာဏာရှင်​ ယဉ်​​ကျေးမှု့​တွေ တိုးပွား​နေသ၍ ...
Demos-kratia အသံကြားရင်
ဒင်းတို့မျက်​နှာ ပုပ်​သိုး...။

ကျောင်းသားအ​ရေးဟာ ပစ္စုန်​ပ္ပန်​ရှူ့ကြည့်
အနာဂတ်​နိုင်​ငံအ​ရေးပဲ
အဖြစ်​အပျက်​တရား​တွေ ​စောင့်​ဖို့မ​ကောင်း​တော့ဘူး
အ​မှောင်​​တွေများလွန်းတဲ့ခရီး
ငါတို့​လောင်​ရင်း လင်းကြရ​အောင်
မီး​တောက်​ကြီးဟီးထ မတရားမှု့ကို
ပြာကျသည်​အထိ ချို့လိုက်​ကြရ​အောင်​။

လင်းဆက်​ပိုင်

Comments