ဗိုလ်ချုပ်အောင်ဆန်း(ပြည့်သူ့ရင်ထဲကအမြဲလင်းတဲ့ကြယ်)
စနေနေ့
ဖေဖော်ဝါရီ ၁၃မှာရောက်လာတယ်
ထိန်လင်းတဲ့ မြန်မာပြည်ရဲ့ ဖခင်
၁၉၄၇ ၁၃ချက်နဲ့ ပြန်ထွက်သွားရတယ်
အခုထိ ကမ္ဘာမှာ လင်းနေတုန်း
ကြီးမြတ်တဲ့ဂုဏ်အင် ဖွဲ့ဆိုဖို့
ပြီးပြည့်စုံခြင်းမရှိတော့တဲ့ ကဗျာအဖွဲ့
သူ့အကြောင်းကို ကဗျာလို့ခေါင်းစဉ်တပ်တိုင်း ....
ကဗျာတွေသာပုံသွားတယ်...
အသက်ဝင်အောင် ဆွဲနိုင်ခြင်းမရှိတဲ့ပန်ချီးကားတစ်ချပ်ဟာ
ဗိုလ်ချုပ်အောင်ဆန်းပါပဲလေ
နှစ်၁၀၀ရာတောင်ပြည့်ခဲ့ပေါ့
အနိုင်မဲ့အောင် သူ့ဂုဏ်ပြောင်ဝင်းလို့
တောင်တန်း မြေပြန့် မှ ဝဠာတခွင်လုံး
အမြဲလင်းနေတဲ့ကြယ်
ရင်ဘတ်ကို
ငုံ့ကြည့်တိုင်း တောက်ပနေဆဲ...။
လင်းဆက်ပိုင်
8.2.2015
Comments
Post a Comment