နတ်​ဖွတ်​တဲ့အိပ်​မက်

နတ်ဖွက်တဲ့​​အိပ်​မက်
..........................................

အ​မှောင်​ထူ​လေ အလွမ်းပူ​လေပဲ
ကိုယ်​တိုင်းက ခါး​နေတာ​တောင်
အလွမ်းက ကိုယ့်​ထ​က်​ပိုခါး​​နေတယ်
လေအဟုန်​ထဲ အပြုံး​တွေပြစ်​ထည့်​လိုက်​လည်း
ကောင်းကင်​တံခါးကပွင့်​မလားဘူး
စိတ်​ကူ​တွေ​ပေါက်​​ပေါက်​​တွေလို့ပွင့်​ရတာ
သူ​ပျော်​မယ်​ထင်​လို့ပါ/ထင်​တုန်းပါ။

တစ်ယောက်တည်းပါပဲ
နံရံနဲ့ စကားတွေပြောရင်း...
အရမ်းမှောင်တဲ့အခန်းပေါ့
အလင်းရောင်အကြောင်း​ပြောခွင့်​မရ
နံရံကို ခေါင်းနဲ့ပစ်တိုက်ရင်
ြ​​ပိုကုန်တော့မယ်ကွာ(တိုးလျ​သောသက်​ပြင်းများ)
ကိုယ်ခေါင်းမာတာ သူမသိလျော့သလား။

ငါ့မေတ္တာတရားကို ဖုန်းမြန်မြန်ခေါ်ပါ
ဧရိယာပြင်ပမှာချည့် နေရတဲ့အခါ အထီးကျန်တယ်
မောတယ် ကောင်မလေးရယ်
တကယ့်ကို နုံးခွေရိနေရတယ်
အခု
ဒီတောင်းတမှု့လေးလည်း အကျည်းတန်နေရတယ် ။

အ​သေင်္ချ မှာ မျဉ်း​ဖြောင့်​​တွေဟာ​ကွေး​ပေးရ
လမ်းလွှဲမှ​မောင်းရတဲ့အခါ....
ဒီခရီးလမ်းကြမ်းကြမ်းမို့
စိတ်​​တွေဟာကြေရ....
ကုတ်​နဲ့​ကော်​ထုတ်​ချင်​​သေးလား
ပြောပါ...
၆​ပေကျင်းတူးထားလိုက်​ပါ့မယ်
ငါ့ ​မျှော်​လင့်​ခြင်း​တွေအတွက်​။
အေးစိမ့်​တဲ့စကားလုံး​တွေက
ခေါင်​ရမ်းပန်း​တွေ ပန်​ထားတာ...
သိပ်​လှတဲ့ အပွင့်အခက်
ဒီအဆင်​ဒီရနံ​​ငါဝတ်​ဆင်​ရတာ
သေ​လောက်​​အောင်​​ပျော်​စရာ​ကောင်းတယ်​။
နိဒါန်းအ​သေနဲ့ ဒိုင်​ယာရီစာအုပ်
လက်​၀ါးကဒ်​တိုင်​သ​င်္ကေ​တွေ...
အခိုးအ​ငွေ့ဝိဥာဉ်​​တွေလို
အဖုံးဖွင့်​တိုင်း​ကြေကွဲ​နေပုံ
ညတာရှည်​တဲ့​ဆောင်းက အလိုတူအလိုပါ
အေးစက်​စက်​နိုင်​တယ်​ ။

ကံကြမ္မာ အသွားအလာက
ပုံမှားရိုက်​တဲ့ နတ်​သမီးပုံပြင်​လို
သက်​​သေပြဖို့ လုံ​လောက်​တဲ့အိပ်​မက်​က​လေးလည်း
တူတူပုန်းကစားရင်းနတ်​ဖွက်​တာခံလိုက်​ရတယ်
တကယ်ကျကွဲပြီလား
မတင်​မကျနဲ့ေ​သချာ​နေဆဲကွယ်။

ဘယ်​လိုအ​ကြောင်းတရားမျိုး​ကြောင့်​လဲ
ငါရွတ်​ပွား​နေကျ *ခ*ခ​ခွေး
မင်းမကြားရ​တော့ဘူး​​ ​ပေါ့
မင်းပဲနားလည်​တဲ့ အဓိပ္ပါယ်​ နဲ့
အက္ခရာ၂ ဆိုတာ
ငါရဲ့ ခိုး​ကြောင်​ခိုးဝှက်​ ဂါထာပါပဲ။

တစ်​ရက်​၊တစ်​လ၊တ​နှစ်​ ....ရွတ်
အသက်​တိုတဲ့ဂါထာမှာ
သက်​ပြင်း​တွေဟာ အပူချိန်​​တဟီးဟီး
မြင့်​တက်​လာတယ်
ကျ​နော်​ကမ္ဘာလည်း အိုဇုန်းလွှာ​ပေါက်​​နေတယ်​။

အလွမ်းဆိုတာ .....
ဘယ်​လိုအရာမျိုးနဲ့ ဖာ​ထေးလို့မှမရတာ
နာစရာနဲ့​မေ့ပါတဲ့
ဒီစကားပုံလည်းကွာ ဘာလိုလိုကြီး
ကိုယ့်​မှာ
ဘယ်​အချိန်​​ပေးဆပ်​ခွင့်​ရမလဲပဲ
မျှော်​​နေမိ​တော့.....တာ
ဒါလည်းရမှတ်​တက်​မလားပါဘူး။

မင်းလိပ်​စာမူရင်း​ဟာ...
ငါ့နှလုံးအိမ်​လို့ ​ပြောခဲ့တုန်းက
အနာဂတ်​ကို အပြာ​ရောင်​ဖဲကြိုးပြာ​လေးဖြတ်
ဖွင့်​လှစ်​လိုက်​ပုံ ကြည်​နူးစရာပါ
အိမ်​အမှတ်​၃၁
ကြယ်​မြင်​လမြင်​အမိုးအကာ​တွေလဲ
သ​ဘောကျသတဲ့။

လောကအမြင်​​တွေဟာ အ​ငွေ့ပျံတက်​ပါသလား
စကားလုံးတိုင်းကိုပန်းချီဆွဲဖို့
ကာလာ​တွေ ပြည့်​စုံမှု့ရှိရဲ့လား
သဘာဝကို ပုံသွင်းဖို့ကြိုးစားသူဟာ
တမူးသာတဲ့အရူးပါပဲ။

သံသရာဆိုတာ.....
မပြီး​သေးတဲ့ပန်းချီကား
ဘယ်​ဘ၀​ရောက်​တဲ့အထိ
ငါဆက်​ဆွဲရမှာလဲ
မေးခွန်းပဲရှိတဲ့ ပုဒ်​စာအတွက်
အသိအမှတ်​ပြုခြင်းအဖြစ်
(​နေကြတ်​တယ်​ ၊ လကြတ်​တယ်​ )
ဒုက္ခဆိုလည်း​ခြေသလုံးဖက်
တောင်းပန်​လို့ မ​ပြေလည်​နိုင်​တာ
သိ​နေပါတယ်​။

16.2.2015


Comments