စစ် ယစ်ပလ္လင်မှ မေမေသို့ နောက်ဆုံးပေးစာ
............လင်းဆက်ပိုက်......
မေမေရေ...
အိမ်ပြန်ချိန်ဟာ မသေချာတော့ဘူး
နဖူးကို ဖောက်ဝင်သွားတဲ့ ကြည်ဖူး
ရင်ဘတ်ကိုထွင်း ပွင့်သွားတဲ့အလင်း
ငြိမ်းချမ်းရေးကို အဖက်မလုပ်ဘူး။
မျှော်မနေပါနဲ့ မေမေရယ်
တိုင်းပြည်အတွက် အသက်စွန့်ရတာပဲ
ပြည်သူတွေရဲ့ ရင်ထဲမှာ သားဟာ
အမြဲရှင်သန်နေမှာပေါ့ မေမေရယ် ။
မေမေသိလား
ခလုတ်တချက်နိပ် ဓာတုပစ္စည်းတွေကြားမှာ
အောင်နိုင်ဖို့အတွက် ဖြာထွက်နေတဲ့အနီရင့်ရင့်တွေကြား
သားတို့ဟာ ယစ်ပူဇော်ခံထားရတဲ့
အသိဥာဏ်ရှိတဲ့ သားကောင်တွေပါပဲ။
ရှေ့တန်းမှာ အသက်လုနေကြရသလို
နောက်တန်းက မိသားစုလည်းဘုရားတရ
ငြိမ်ဝပ်ပိပြားရေးအတွက်
ဝုန်းဒိုင်းကြဲ ပေါက်ကွဲမှု့တွေက
ငြိမ်းချမ်းရေးလို့ အော်ကြပြန်တယ်။
ဘာပဲဖြစ်ဖြစ်ပေါ့ မေမေရယ်
ငှက်တွေကပျံရင်းသေသလို
မေမေ့သားစစ်သားကြီးလည်း
တိုက်ရင်းသေရတာလဲ မထူးဆန်းတဲ့ကိစ္စပါပဲလေ ။
နယ်စည်းခြားတဲ့အချိန်/အရှိန်
........လင်းဆက်ပိုင်......
ဘယ်သူလက်ဆွဲကြိုဆိုခဲ့တာလဲ
သူခိုးဓားရိုးကမ်းခဲ့တဲ့ကိစ္စ
ဖုန်းကြားရှင်ဟာ
ခင်ဗျားတို့ ကြောက်ရပါတယ်
ပြောတဲ့ တရုတ်သူပုန်ပါပဲ။
ကျုပ်တို့တို့ စစ်သားစစ်စစ်ကြီးတွေ
မ၀ရေစာနဲ့ တိုင်းပြည်အတွက်
ကျူးကျော်သူတွေကို တိုက်ရင်း
ရင်ဘတ်တွေပွင့် တယ်
တာဝန်ကျရာလွင့်ရင်းပေါ့
ပြိုကွဲသွားတဲ့တိမ်စလေးအတွက်
ဝမ်းနည်းစရာ မလိုပါဘူးကွယ်
ကိုယ့်သဘာဝနဲ့ကိုယ်ပေါ့ ။
စိတ်ကိုဖောက်အချည်ခံရတဲ့
မသိခြင်းတွေအတွက်တော့
အကြောင်းကြားစာ မရေးတော့ဘူး
ခရမ်းရောင်ဟာ ဘာကို ကိုယ်စားပြုလဲ
ဗလာနယ်ရဲ့ မီတာစကေးများ
တစ်စက္ကန်ခြင်း နောက်ကျခြင်းဟာ
ဘ၀မပျက်ဘူးလို့ ထင်နိုင်စရာ
နံနက်ခင်းတွေ ခွဲစိတ်ဖို့ လိုအပ်လာတယ်
မြို့ရှောင်လမ်းမှာရှိနေတဲ့
ကိုယ့်အိမ်လေးသို့
ပျော်ရွှင်ခြင်းတွေဆိုက်ရောက်မလာတာ
နှင်းမကွဲသေးတဲ့အိပ်မက်နဲ့
နွေဦးပေါက်ကို ရောက်ခဲ့တယ်။
ကျဆုံးသွားသော စစ်သားများအတွက်ဂုဏ်ပြုလိုက်ပါသည်။
15.2.2015
ဘယ်သူလက်ဆွဲကြိုဆိုခဲ့တာလဲ
သူခိုးဓားရိုးကမ်းခဲ့တဲ့ကိစ္စ
ဖုန်းကြားရှင်ဟာ
ခင်ဗျားတို့ ကြောက်ရပါတယ်
ပြောတဲ့ တရုတ်သူပုန်ပါပဲ။
ကျုပ်တို့တို့ စစ်သားစစ်စစ်ကြီးတွေ
မ၀ရေစာနဲ့ တိုင်းပြည်အတွက်
ကျူးကျော်သူတွေကို တိုက်ရင်း
ရင်ဘတ်တွေပွင့် တယ်
ညရဲ့သက္ကရဇ်များ
..................လင်းဆက်ပိုင်
ည ရဲ့လှပမှု့တွေအဖြစ် ကြယ်ကလေးတွေ တီးတိုးသီးချင်ဆိုနေကြသည်။
ပိုးပုရစ်တို့က အာခေါင်ခြစ်အော်ရင်း ဟာမိုနီလိုက်နေကြသည်။
ရင်ထဲကသီချင်တစ်ပုဒ် တီးခတ်ဖို့ ကီးကြောင်နေသည်။ သက်ပြင်းတွေဟာဘယ်လိုကီးနဲ့ တီးခတ်ရပါသလဲ...။
ထို့ကြောင့်တခြမ်းပဲ့လကလေးဟာ ၀ပ်အားနည်းသောအလင်းဖြင့် အနောက်ဘက်သို့......့
လွင့်နေသည်။
စိတ်တို့အဝေးတနေရာသို့ လွင့်နေပြီ ။
ထိန်းချုပ်လို့မရ သံဇဉ်ရှိရာအရပ်ဆီ...
ဒီမြို့မိနစ်၃၀ဝေးသည်။
မရောက်နိုင်ဘူးလား။အရစ်ကျ ငါလာခဲ့ပါ့မယ် ကိုယ့်စိတ်နဲ့ကိုယ်စိုင်းတာပဲ ပလူတိုဂြိုလ် လည်း
အရောက်လှမ်းမယ်။
အဲ့ဒီမြို့မှာ ငါ့သီချင်းရှိတယ် ငါ့ကဗျာရှိတယ်။ နောက်ပြီး ငါ့အတွက် အသစ်ကျပ်ချွတ် အပြုံးတပွင့်ရှိတယ်။ အိပ်မက်ထဲက အိမ်လေးရှိတယ်။ ပျော်ရွှင်မှု့တွေ ရှက်ကိုးရှက်ကန်းလေး စောင့်နေတယ်။
အသွေးအသားရိုးတွင်းချဉ်ဆီကလာတဲ့
နှလုံးသားပုရပိုက် မှာ မော်ကွန်းတင်သီချင်းလေးပဲပေါ့။
ဒီလို အတွေး အနန္ဒ နဲ့ မိုးလင်းခဲ့တဲ့ညများ ။
အတွေးဟာ ဖိနပ်မပါသောကြောင့်
ခရီးရှည်ကြီးတွေးသောအခါ သွေးချင်းချင်းနီးရဲ့လို့။ ညဆိုတာ အိပ်စက်ခြင်းလို့ ဘယ်သူ ပညက်ခဲ့တာလဲ။ ငါငြင်းပယ်ပါရစေ။ ကမ္ဘာကြီးပူနွေလာသလိုမျိုး ကိုယ်အပူချိန်တွေလည်း.....။ ဒီဓာတ်ပြားအဟောင်းကြီးကြောင်း ဇောချွေးတွေ ဖြိုက်ဖြိုက်ကျနေရတယ်။
နံနက်ဖန်ရောက်လာမယ့် နေခြည်ဟာလည်း မိုးအုံ့နေမှာသေချာတယ်။
ဒါကြောင့် ငါ မှောင်မည်းခြင်းနဲ့ လက်ပွန်းတတီး ခရီးနင်းလို့ ဘယ်မှမရောက်နိုင်ဘူးကွယ်။
...........
အိုရီယမ် သို့
ဘဝတခုပျက်သလိုပ
ညတိုင်းမအိပ်ဘဲ မိုးလင်း
အရမ်းပူလောင်ခဲ့ပါတယ်
ပြာဖြစ်တဲ့ထိ လောင်ကျွမ်းခဲ့ရပြီ
သူနဲ့ ချစ်ခဲ့တယ်
ပထမအဆင့်ပေါ့ နွေးထွေးတယ်
နောက် ပူလောင်ပြီး
အခု
ဒီနေ့လေ သိလား
တမ်းတမ်းတတ သတိမရဘူး
စိတ်က ငြိမ်သက်နေတယ်
မေတ္တာတရားတွေနဲ့
အေမြလို့ပေါ့
ဆက်လောင်စရာ မရှိတော့ အေးချမ်းသွားသလိုမျိုး
ရာသီမွန်က
ဇာတ်လမ်းတစ်ပုဒ်ထက်ပိုခဲ့ပါတယ်
တန်ခိုးနဲ့မှမဟုတ်ဘူး
သူငယ်ချင်း မိတ်ဆွေတွေရဲ့
မေတ္တာ နဲ့ ရှင်ပြန်ထမြောက်လာသူ ။
ဘယ်လိုနတ်ဘုရားရဲ့#ဒါဟာကျွန်တော်တို့ မောင်နှမနှစ်ယောက်ရဲ့ ချက်ဘောက်မှာပြောတဲ့စကားတွေကို ကဗျာ လုပ်ထားတာပါ။
142.2015
၁၄ရက်နေ့ ချစ်သူများနေ့အတွက်
ရင်ဖွင့်စာစောင်
.......လင်းဆက်ပိုင်....
သိမှု့တစ်ခုပါပဲကွယ်
ကိုယ်တို့နှစ်ယောက်ဆုံနိုင်ဖို့ဟာ
ကိုယ့်သိမှု့အလွန်က
စကြာဝဠာရယ်
ကိုယ့်တို့နေထိုင်ရာ
ကမ္ဘာပါဝင်တဲ့စကြာဝဠာရယ်
သီးခြား ကွားခြားခြင်းနဲ့ပေါ့
ဝေးကွာလွန်းးးးး
အကယ်၍...
ကံတရားရဲ့ ဖေးမမှု့ကြောင့်ဆုံခွင့်ရရင်ဖြင့်
မိုးနဲ့မြေထိစပ်နေတဲ့ မိုးကုတ်စက်ဝိုင်းလို
လူတိုင်းအံ့သြဘနန်းဖြစ်ရမယ့် အလှပေါ့
မသေချာမှု့ထဲမှာ ရှိနေတဲ့ အလှတရားပါပဲ.....
သေချာတာကတော့ ကိုယ်ရှင်သန်နေသမျှ ချစ်ခြင်းတရားတွေ
ဦးခိုက်ထားပါ့မယ်
အရမ်းချစ်တယ် ။
ဘ၀မှာတစ်ကြိမ်မှမဖြစ်ဘူးတဲ့ အချစ်အတွက်
သဲရေ ကျေးဇူးတင်ပါတယ်
ယုံကြည်မှု့ တွေ ပေါင်းဆုံနိုပါစေ
တိုးညှင်းစွာ ဖွဖွလေးရွတ်ရင်း.....။
........
နားလည်နှိုင်မှု့ အလွန်က ဘာသာရပ်
.......လင်းဆက်ပိုင်.....
စိတ်နှစ်ခုဟာ ဆင်တူခဲ့ကြောင်း
သက်သေပြဖို့ တိမ်တွေနဲ့စကားပြောတဲ့အခါ
နားလည်းမှု့ကို ဘာသာစကားနဲ့သဘာဝကခြားနား
အဆင်ပြေ ပေါင်းသင်းခဲ့သော နှစ်ကူးတွေက
အသစ်ဖန်းတီးလို့ ....
အာရုံထဲညွှတ်ကျတဲ့ ခံစားမှု့ ဓမ္မတေးများ
တည်ဆောက်ဆဲ တန်းလန်း လိုအပ်နေသော ယုံကြည်မှု့များ
သစ္စာအိမ်ဟာ အကာအရံမဲ့လွန်းစွ
ဖျားနာနေသော ရင်ကြားက သက်တန့်များ
ပုံသဏ္ဍာန်မျိုးစုံ ရွေ့လျားနေသော
တိမ်တွေဟာ ရယ်မောခြင်းအဖြစ် ရွာချတော့တယ်
လေဟာနယ်အတွင်းမှာ အသက်ရှင်မှု့ပျိုးထောင်ရတာ
ကိုယ်မျက်နှာပြန်မမြင်နိုင်လောက်အောင်
မျှော်လင့်ချက်များ ထားခဲ့သူ
ကိုယ်သိုလှောင်ထားတဲ့ ဘဏ်တိုက်အတွင်းမှ
ပွင့်ဖတ်သောကတွေဟာ
ပျော်ရွှင်းကြောင်း ဘယ်လို တူရိယာနဲ့
တီးမှုတ်ရမလဲ
သိပ်သည်းနုညံ့မှု့ဟာ အတွင်းသားမို့
မမြင်နိုင်ခြင်းရဲ့ အနီးဆုံးမှာ
မကျေနပ်ခြင်းတွေ အချက်ပေးဖို့
မလိုအပ်တော့ပေမယ့်
ရည်ညွှန်းချက်တွေဟာေ၀၀ါးပေးရပြန်တယ်....
တစ်ယောက်ရှင်သန်မှု့အတွက်
တစ်ယောက်က
လွင့်ပေးလိုက်ရတဲ့သီအိုရီလို
ငါတို့ အိပ်မက်တွေကြား သံသရာအကွေ့တွေတိုင်း ရေစက်တွေခြားရခြင်းပါပဲလေ
တချို့သော ကံတရားဟာ ငါတို့ကို အနိုင်ယူ ချွန်းအုပ်တယ်
ဒါဟာ သိမှု့နဲ့ အလှမ်းကွာတဲ့ ဘာသာရပ်သာ
ဖမ်းစားခံရခြင်းအဖြစ်အပျက်များသာပါပဲလေ။
............................................
စာကြွင်း
အာဏာရှင်တွေရှင်သန်မှု့အတွက်
ပြည်သူ့တွေရဲ့ဘဝ
လွင့်ပေးလိုက်ရတဲ့သီအိုရီလို
.........................
တမ်းတမ်းတ ခေါ်နေမိပေမယ့်
မပြည့်နိုင်ဘူးရယ်
အရမ်းပဲ မွန်းကြပ်ရတယ်
အတ္တတွေ ဖောက်ထုတ်ရမယ်
မထူးခြားတဲ့ ဘယ်တော့မှ ပြည့်မှာမဟုတ်တဲ့ ဆုတောင်း
အိပ်ယာဝင်ပုံပြင်ဆိုတာ
မစွဲလန်းသင့်ဘူးရယ် ။
ကိုယ့်ကြောင့် ကိုယ်လောင်နေခြင်း
စိတ်ကို အလို လိုက်နေသ၍
အေးချမ်းမှု့ရမှာမဟုတ်ဘူးရယ်
လောင်နေတဲ့စိတ်တွေ
မြန်မြန် ငြိမ်းပါရစေတော့။
...............
တမ်းတမ်းတ ခေါ်နေမိပေမယ့်
မပြည့်နိုင်ဘူးရယ်
အရမ်းပဲ မွန်းကြပ်ရတယ်
အတ္တတွေ ဖောက်ထုတ်ရမယ်
မထူးခြားတဲ့ ဘယ်တော့မှ ပြည့်မှာမဟုတ်တဲ့ ဆုတောင်း
အိပ်ယာဝင်ပုံပြင်ဆိုတာ
မစွဲလန်းသင့်ဘူးရယ် ။
ကိုယ့်ကြောင့် ကိုယ်လောင်နေခြင်း
စိတ်ကို အလို လိုက်နေသ၍
အေးချမ်းမှု့ရမှာမဟုတ်ဘူးရယ်
လောင်နေတဲ့စိတ်တွေ
မြန်မြန် ငြိမ်းပါရစေတော့။
......
လင်းဆက်ပိုင်ရဲ့ ဒိုင်ယာရီ ၁
.......လင်းဆက်ပိုင်.....
အဲ့သလောက်ထိဝေးပေးရပြီးတဲ့နောက်မှာ
လက်တွေ့မဆန်နိုင်မှု့နဲ့ ပျော်ရွှင်ခဲ့ဘူးသူပါ
ကိုယ် မင်းဖြစ်စေချင်တဲ့ ကဗျာရေးခြင်းကို
ဆက်လက်စီးမျောဆဲပါ(ကိုယ်စားပြုမှု့နဲ့)
ကိုယ်က တကယ်ဆို အရင်လိုပဲ
ဘာမှမသိတဲ့ လူကြီးပဲဖြစ်ချင်တာပါ
သိတဲ့အရာတွေလဲ မသိချင်ယောင်ဆောင်ပြီး
မေးနေချင်တုန်းပါပဲ....
လင်းဆက်ပိုင်ကို မွေးဖွားပေးခဲ့သူ
မင်းကို ကျေးဇူးတင်ပေမယ့်
ဝေဒနာတွေချရေးရတာ
သက်ပြင်းနဲ့ ပက်ပင်းတိုး အသက်တိုရတယ်....
မနေ့ကအိပ်မက် ထဲမှာ
အရေးတကြီးငါ့ကိုလှုပ်နှိုးတယ်
ငါ့စွဲလမ်းမှု့လား?
မင်းအဆင်မပြေမှု့ကို အချက်ပြခြင်းလား?
တကယ်ဆို သုညတွေနဲ့ကိုယ်က
မင်းအတွက် မလိုအပ်ပါဘူးလေ...
ကိုယ်က တုန့်ပြန်မှု့တိုင်းကြည်ဖြူသူပါ
ဘာမှ တောင်းဆိုမှု့တွေ မရှိပါဘူးကွယ်
ကမ္ဘာကုန်ကျယ်သရွေ့ ဝေးကွာပါစေ
လိုအပ်ရင်ခေါ်ပါ
မလိုလားအပ်တဲ့အခါ မေ့ထားလိုက်ပါ
စက္ကန့်လေးလောက်တောင်မှ အချိန်တွေ နီးခွင့်မရတော့ဘူးပေါ့
တကယ်ဆိုရင် ကိုယ်ရွေးချယ်တဲ့လမ်း
ကိုယ်သတ္တိရှိဖို့လိုတာပါ
ငါက ခရောင်လမ်းပါ မင်းမလာပါနဲ့တော့
ဒီမြေ ဒီရေ ဒီနိုင်ငံ ငါနေတဲ့မြို့
မင်း အမှတ်မထားပါနဲ့တော့
ကတိတွေအကုန် မပြောခဲ့ဘူး မကြားခဲ့ဘူးလို့
ငါ့စိတ်ကို အမိန့်ပေးရင်း
ရူးသွပ်မှု့ အပိုင်းပိုင်းအပြတ်ပြတ်တွေ
ကိုယ်လွှတ်ပြစ်လိုက်တော့မယ်
မင်းအတွက် ဒါသတင်းကောင်းဖြစ်ရဲ့
သာယာသောနေ့ဖြစ်ရဲ့...
နောက်.....တစ်ဘ၀လုံးစည်ပင်ဝပြောမှု့လည်းဖြစ်ပါလိမ့်မယ်။
Comments
Post a Comment