တစ်ယောက်က တစ်ယောက်ကို
သတိရကြောင်းပြောခွင့်မရတဲ့နံနက်တွေ
ကြာပါပြီ......
စံတော်ချိန်မျဉ်းတွေ မကွာခြားရင်
ပြေးတွေ့လိုက်ပြီ
ကံကြမ္မာ ကို ဖုန်းဆက်လိုက်တိုင်း
သုညတွေထဲကျွံကျ
ဧရိယာပြင်ပဆိုတာချည့်ပဲ ခါးလွန်းတယ်
သတိရအလွမ်းတွေ ဘယ်လို ချောင်ထိုးရမှာလည်း....
အဆင်မပြေမှု့နဲ့ အသားကျသလို
ဟန်ဆောင်ရတာ နွမ်းတဆွေးဆွေးနဲ့
တရေးရေး တရိပ်ရိပ် သက်ပြင်းတွေလေးနက်လာတယ်
ရှင်သန်ခြင်းမှာ အလောင်ခံသက်သက်နဲ့ လူလို
စိတ်တွေ ပူလောင်နေတာ ဘာဆေးနဲ့ကုရမလဲ
မေးခွန်းတွေများသလောက်
ဖွင်ဖောက်ဖတ်လိုက်တိုင်း
ဗလာတွေပဲ ကံစမ်းမဲ ပေါက်တယ်
ထားတော့....
ကိုယ့်အတ္တအတွက် လှမ်းလှမ်းဖွင့်မိတဲ့ ပန်းပွင့်လေးရေ
အချစ်ဆိုတာသတ်လို့ မသေတဲ့ ဘက်တီးရီးယားမို့
အမှောင်နဲ့ အလင်းကြား
ကိုယ်စိတ်တွေ မှုတ်ငြိမ်းလိုက်ပါ့မယ်။
18.2.2015
Comments
Post a Comment