နွေးဦးပွဲတော်
....ခန့်ပိုင်မှူး....
တကယ်လို့များ
အနည်းငယ် ကန့်ကွက်ခွင့်ရှိခဲ့ရင်
နှလုံးခုန်စက် ထုတ်လိုက်ပါတော့...။
တကယ်လို့များ
အနည်းငယ် ကန့်ကွက်ခွင့်ရှိခဲ့ရင်
ပီယ၀ါဆာဆန်ဆန် ဟာသတွေ ရပ်လိုက်ပါတော့...။
တကယ်လို့များ
အနည်းငယ် ကန့်ကွက်ခွင့်ရှိခဲ့ရင်
ကြိုးဆွဲ ခံနေရတာလည်း ရုန်းထွက်ပါတော့...။
တကယ်လို့များ
အနည်းငယ် ကန့်ကွက်ခွင့်ရှိခဲ့ရင်
အရိုးပေါ်အရေတင် ငြိမ်းချမ်းရေးကို ဆေးကုလိုက်ပါတော့...။
တကယ်လို့များ
အနည်းငယ် ကန့်ကွက်ခွင့်ရှိခဲ့ရင်
နွေရာသီရဲ့ ပွဲတော် ရုပ်သေးအက
ကမ္ဘာကျော်သွားပြီ ရပ်ပါတော့...။
တကယ်လို့များ
အနည်းငယ် ကန့်ကွက်ခွင့်ရှိခဲ့ရင်
...
..
မျက်နှာမှာ တမျှော်တခေါ်ပြူတင်းတွေဖွင့်ပါတော့..။
တကယ်လို့များ
သေးသေးလေး ၊ကန့် ၊သတ် ၊လို့ရရင်
ရွှေ ပွဲလာ မိဘပြည်သူများ
စိန် စီသော အက ပဒေသာများနဲ့
မွဲပြာကျ အောင် ဆက်လက်ကပြပါဦးမည်ပေါ့...။
တကယ်လို့များ အနည်းငယ် ကန့်ကွက်ခွင့်ရှိခဲ့ရင်...
မိဘပြည်သူများခင်ဗျာပေါ့။
13.1.2014
Comments
Post a Comment