ချစ်သူရေ......
မှတ်မှတ်ရရ အဲ့ဒီနေ့
၁၈.၈.၂၀၁၄ တစ်ဦးရင်ခွင်ကို တစ်ဦး လဲလျောင်းမေးစက်ဖို့ ချစ်ခြင်းတွေ ဂဟေဆက်ခဲ့ကြတယ်။
အခု ၁၈.၂.၂၀၁၅ .....
၆လပြည့်ခဲ့ပေါ့
အမြတ်တနိုးနဲ့ သဲ လို့ခေါ်ခဲ့တယ်
ဘ၀မှာ တစ်ခါမှ မခေါ်ခဲ့ဘူးတဲ့
နာမ်စားလေးပေါ့
ဒီ၆ပြည့်နေမှာ
သဲရေ
ထပ်တောင်းပါစေ
အသက်ရှင်သန်နေသ၍ ချစ်ခွင့်ပေးပါလို့ပေါ့။
ကိုယ်တို့တွေ ထိတွေတဲ့ ရက်စွဲဟာ
ဘယ်လိုပဲ ပါးလျနေပါစေ
ဆက်လက်တိုးပွားတဲ့အချစ်နဲ့ချစ်နေကြမယ်လေ
ယုံကြည်မှု့နဲ့ ရှေ့ကို ဆက်တိုးကြပါစို့
ကောင်းကင်သစ်ကို ဖွင့်လှစ်ဖို့ စောင့်မျှော်နေလျှက်.....
အိပ်မက်သစ်ကို ဖန်ဆင်းလိုက်ကြစို့။
ချစ်တယ် ။
18.2.2015
နေပြည်တော် ပျဉ်းမနား
လင်းဆက်ပိုင်
Comments
Post a Comment