အမှန်​တရား​ပြောင်းပြန်​​ပေါ်တဲ့​နောက်​ကမ္ဘငယ်​မီ​လောင်​တယ်

အမှန်​တရား​ပြောင်းပြန်​​ပေါ်တဲ့​နောက်​ ကမ္ဘာငယ်​​လေးမီး​လောင်​တယ်
........................လင်းဆက်​ပိုင်​.........


ဆိတ်​ငြိမ်​ နုညံ့ စိုစွတ်​တဲ့ အလင်းတန်းတစ်​ခု ။
စီးဆင်း​နေတဲ့ ပါး​ပေါ်မှာ
အပြုံး​တွေ ကူးခတ်​လို့ ...။
ဒါကို ​ပျော်​ရွှင်​ခြင်းလို့ တဆိပ်​ကပ်​လိုက်​တယ်​....။
လောကကို ​ချောင်းကြည့်​ဖို့ ။
အ​မှောင်​ထဲကို တိုးဝင်​လိုက်​တယ်​ ။
**လူတိုင်းနှစ်​သက်​ရာခံစားနိုင်​သည်​**
နိုး နိုး....
တခါတခါ မနှစ်​မြို့ပဲလက်​ခံရသလို
တစ်​စုံတစ်​ရာ ဒွိဟ ​တွေနဲ့ သံသယကို
ခင်​ဗျားတို့ လက်​ခံခဲ့ဘူးတယ်​မို့လား
??????????????။
အ​​တွေးတစ်​ခုဟာ ရင်​ဘတ်​​တွေပြဲလှန်​​အောင်​ ။
ခ​လောက်​ဆန်​တဲ့​နေ့က​ပေါ့ ။
ဘယ်​ဘုရား​ကျောင်းကမှ ​ခေါင်​​လောင်​ထိုးပြီ ။
ဓမ္မ​တေးမရွတ်​ကြဘူး ။
သက်​တန့်​​တွေမှာ အ​ရောင်​မစုံတဲ့အ​ကြောင်း ။
ကောင်​ကင်​ကြီးက နားမလည်​သလိုကြည့်​တယ်​...။
စိတ်​နဲ့စိတ်​ ဆက်​သွယ်​ဖို့ ​ကေဘယ်​ကြိုး​တွေပြက်​​နေတယ်​ ။
အော်​သံ​တွေကိုယ်​တိုင်​ နားငြီးလွန်းလို့
တိမ်​၀င်​စွာထွက်​​ပြေးသွားပါပြီ ။
မီးခိုးကို အနံခံဖို့ ကြွက်​​တွေ​လျှောက်​လာတယ်​ ။
ဓာတ်​မှန်​ရိုက်​ကြည့်​တယ်​ ဘာမှ​မ​ပေါ်ဘူး ။
ကြယ်​​တွေထွက်​​ပြေးတုန်းက ကျန်​ခဲ့တဲ့​ခြေရာ​တွေကို
ဘယ်​သူက ​မြေညှိစက်​နဲ့ ညှိခဲ့သလဲ ။
.............
နွယ်​မြတ်​သစ်​ပင်​ ​ဆေးဖတ်​၀င်​တယ်​ ။
သစ်​ပင်​​တွေနဲ့ စကား​ပြောဖို့ လိုအပ်​လာတယ် ။
သတိရခြင်း​​တွေဟာ ဖြာထွက်​​နေတဲ့
အမြစ်​​တွေပါပဲ ။
သက်ပြင်းေ​တွစုတ်​ယူထားတဲ့ ပစ်​ပင်​။ဟာ  ။
အသက်​ပိုတိုတယ်​....။
နေ​ရောင်​ခြည်​ဟာ ကင်​ဆာဖြစ်​​စေတက်​ပါသလား ။
ဂုဏ်​သိက္ခာအတွက်​ ငါကိုပြစ်​သွားပါ ။
အသိုင်းအ၀ိုင်း​တွေက ငြင်းဆန်​တာကိုလက်​ခံပါတယ်​ ။
ကံဆိုးပုံကလည်း ကံစမ်းမဲ​တွေမှာ ။
မင်းအမည်​ ​ပေါက်​မဲ ထည့်​မထားဘူး။
အချစ်​လို့ နှစ်​ကိုယ်​သား ရူးမူးစွာကျိန်​စာတိုက်​ခဲ့တာ ။
တိမ်​​တွေပြို မှ ယူပါကယ်​ပါ ​ပေါ်မ​နေ​တော့ဘူး။
အသက်​ရှူ နည်းစနစ်​မှာ ကိုယ်​ထင်​ထားတဲ့ ​အောက်​ဆီဂျင်​က မင်းမဟုတ်​​တော့ဘူး....။
ရင်​ခုန်​သံအငိုများ ​နေမကွယ်​ခင်
......
...
.
မလိုပါဘူးကွယ်​ ။
ကိုယ့်​ သဘာဝနဲ့ကိုယ်​ ​ရောဂါကျွမ်း​နေသူအတွက်​ ။
တစ်​ရက်​ပိုရှင်​သန်​ရတာကိုက ပိုနာကျင်​ရတာပါပဲ ။
ပိစိ​ကွေး အကြင်​နာ​ပေးပါ ​တောင်းချင်​လည်း မင်းက မအိုစာမှ မဟုတ်​တာ ။
မှန်​ထဲမှာပြန်​ကြည့်​လိုက်​​တော့ အမှန်​တရားဟာ ​ပြောင်းပြန်​ကြီး​ပေါ်လို့ကွယ်​။


Comments