ရက်​ရက်​​ရော​ရော​ကြွေ

ရက်​ရက်​​ရော​ရော ​ကြွေ
[လင်းဆက်​ပိုင်​]

သံသရာ​ရေစက်​တစ်​ခုနဲ့လာဆုံကြ
ဒီ​လောက်​ပါပဲ​လေ
ချစ်​သူ​တွေ တရားဝင်​ဖြစ်​ခွင့်​မရခဲ့
ဒါဟာ မြားနတ်​​မောင်​နဲ့ မဆိုင်​ဘူးရယ်
ဘ၀ဟာင်းမှာ
ကောင်းမှု့ ကုသိုလ်​ပိုး​ကြေးပန်း​ကြေးနည်းခဲ့သူမို့လား...
ရယ်​စရာ​ရော ​မောစရာ​ရော လက်​ခံခဲ့ပါတယ်
သက်​ပြင်း​တွေဟာ စိတ်​ကိုပိတ်​တဲ့ခလုတ်​မဟုတ်​ဘူးရယ်
ဦး​ဏှောက်​နဲ့ နှလုံးသာဟာ
သစ်​ပင်​နဲ့ ​ကြွေသွားတဲ့သစ်​ရွက်​လို
ဘာမှမဆိုင်​​တော့တဲ့အခါ
လေနှင်​ရာလွင့်​ တ​နေရာရာမှာ​တော့
မြေဆီ​မြေနှစ်​ဖြစ်​​ကောင်းပါရဲ့
လမ်းလွဲသွားတဲ့ ​မေတ္တာတရားကို
နံနက်​တိုင်း​တေးသီရင်​...
ဒီလို သင်္ခါရ အတွက်​ အမှား အမှန်​ မရှိဘူးရယ်
အနာဂတ်​အနက်​​ရောင်​လည်းငါချစ်​တာပါပဲ
နတ်​သက်​​ကြွေပုံပြင်​​ နဲ့ ဖျားနာ​နေဆဲ
အိပ်​မက်​ကို ပြန်​ခြုံ အိပ်​တဲ့ည​တွေ ကဖင်းဓာတ်​များလွန်းတယ်
မိုး လင်း ​အောင်​ ရွာချခဲ့
နှင်းဆီရဲရဲ​တွေ မပွင့်​နိုင်​ မဖူးနိုင်​ပြီပဲ
ရွှန်​လန်းသာယာပါ​စေဆု​တောင်း
ကိုယ်​ပို့သဆဲ ​နေ့စဉ်
ရွတ်​ဖတ်​ဆဲသက္ကရာဇ်​တို့နဲ့ အတူ
အာသာ​​ဖြေ​တေးနဲ့ အသက်​ရှူ ရတာ
မစိန်းလမ်း​ဘူးရယ်
ကိုယ့်​စိတ်​ကို ပြန်​ အကူအညီ​တောင်းရတာ ပိုပင်​ပမ်းလွန်းတယ်​....။


Comments