တငြီးငြီး လမ်းမများ
/လင်းဆက်ပိုင်/
ထိတ်လန့်ဖွယ်ကောင်းတဲ့ လွမ်းမောစရာကြီနဲ့
ဘ၀ကို ပျော်ရွှင်နည်းစာအုပ်တွေ ဖတ်ပြီးနေကြည့်တယ်
ဘယ်မှာလဲ
ကိုယ်နဲ့ မတိုက်ဆိုင်တဲ့ အရေးသားတွေ ခပ်များများရယ်
သင်္ခါရတွေနဲ့တွန်းဖွင့်ကြည့်လည်း
သူတော်စင်နဲ့ မိတ်ကပ်ပါပဲ
ခံစားမှု့ အပွင့်အခတ်တွေ လွင့်တယ်
စိတ်လိုလက်ရမရှိပါပဲ သယ်လာရတဲ့
ရူးနှမ်းတဲ့ ဝေဒနာ စေရာတွေ
အိပ်မက်ဆိုတာ လွယ်လွယ် မတ်လို့
ရကောင်းစတမ်းဆိုတော့....
နောင်တဆိုတာ မြွေလို အရည်လဲလိုရစတမ်းလား
ဒီလိုနဲ့ ...
သက္ကရာဇ်တွေကို ဘီယာတိုက် ဆေးတိုက် အရွဲ့တိုက်ပစ်ရင်း
ဒါဟာ ကိုယ့်စိတ်မာကျောကြောင်း
ဟန်ဆောင်မှု့တစ်ခုပါပဲ
မလှုံဖြစ်တဲ့ ရင်ငွေ့တွေက လောင်မြိုက်
အကြွင်းပဲ့ သစ္စာတရားဟာ ငေးငေးရီရီ
အတိတ်ကို ခါချရတာလောက်
ကြည်နူးမှု့တွေစိတ်ပျက်စရာမရှိဘူးရယ်
ယုံကြည်မှု့မြင့်မားလေ ခံစားမှု့တွေအားပြင်းလေပါပဲ
ကိုယ့်လမ်းကို မောင်းနှင်ရင်း
မီးနီခဏခဏမိတယ်
နုပျို မှု့တွေသေဆုံးသွားတဲ့လမ်းမများ
ကိုယ်ထူကိုယ်ထစနစ်နဲ့ ပစ္စုန်ပ္ပန်ထဲ နွံနစ်နေပုံမျိုး....
ဇာတ်လမ်းတွဲတွေလို အဆုံးသတ်ဟာေ၀၀ါးနေပုံများ
စိတ်ကို မီးခြစ်ကျောက်ပေါ် တင်သွေးနေမိတော့
နာကျင်မှု့တွေသာ ထက်ရှ
တည်ငြိမ်တယ်ထင်စေဖို့ အတွင်းလှိုင်တွေကို အပြုံးနဲ့ ချုပ်ထိန်းရတာ ရသမြောက်တယ်
Comments
Post a Comment