နိမိတ်​ပုံများ

ကျွန်​​တော်​နဲ့ နိမိတ်​ပုံများ

/လင်းဆက်​ပိုင်​/



ကောင်းကင်အပြာဖျော့ဖျော့လေး
ဝတ်ဆင်ရင်း....
အိပ်မက်တွေ ခမ်းနားလိုက်ပြီးမှ
တကယ်ပျော်စရာ မကောင်းဘူးလို့
ဘာကြောင့် ယိုစွပ်ရသလဲကွယ်​။

ဒီနေ့လို ရိုးသားတဲ့နေ့ ဘယ်အချိန်မှ
ပြန်မရတော့ကြောင်း
မျက်ရည် ထွက်အောင်ရယ်မောခဲ့တယ်
တကယ်​ဆို.....
ဆိုက​ရေးတီးလို ရုရှားကဗျာဆရာကြီးလို
တခုခု ​ရွေးတာ ပိုပြီးလှလိမ့်​မယ် ။

စကားခွန်းလောက် ကန့်ကွက်ခွင့်ပြုပါ
လောကသဘာဝကြီး​ရေ....
တောင်ဆိုခွင့် ရမယ်ဆို
နာရီတွေကို ဘောင်မခတ်ပါနဲ့
စက္ကန့်​​တွေဟာ အသက်​ရှူမှု့ပါပဲ ။

ကမ္ဘာပျက်မယ်ပြောပြီး
ဘာလို့ ခြောက်လန့်တာလဲ
ဖီးနှစ်​ငှက်​ပါ(ငါ)
အပူ​တွေ​ရဲရဲ​တောက်​​လောင်​သွားပါ​စေ
သတ်​ပုံအမှား​တွေနဲ့ ခက်​ဆစ်​တွေလာ ပွင့်​မပြနဲ့​လေ။

တကယ်​ဆိုရင်
ပန်း​ရောင်​​တွေကို မီးရှို့ဖို့ အတွက်
အ​ကြောင်းပြချက်​ ခိုင်မာစရာမလိုဘူးရယ်
တစ်​​ယောက်​စိတ်​ကိုတစ်​​ယောက်​​ဖောက်​ချည်​ဖို့ ထက်
ခရမ်း​ရောင်​ ကို မြတ်​နိုးလိုက်​ကြဖို့
အသင့်​​တော်​ဆုံးပဲမို့လား။


15.2.2015


Comments