မျိုးစိတ်​သစိအချစ်​ဟာ​ရေစီးသန်​တယ်

မျိုးစိတ်​သစ်​အချစ်​ဟာ​ရေစီးသန်​တယ်
////////////////////////////////////////

အချစ်​ကို လိင်​တံဆိပ်​ကပ်​တဲ့​ခေတ်​မှာ
ကွန်​ဒုံး​တွေပဲ​နေရာယူ​နေကြ
မွတ်​သိပ်​မှု့​တွေ အာသာ​ဖြေဖို့
အချစ်​ဟာ မျက်​ဖြူလန်​​ပေးရတယ်​။

ငါ ဆာပြန်​ပြီ အလွမ်း​တွေ
ညထဲကရုန်းထွက်​လို့မရ​သေးဘူး
သစ္စာတရား​တွေအကုန်းလုံး​ကော
ခံစားမှု့​တွေ မျိုးတုန်း​အောင်
ရင်​ဘတ်​ကို ပစ်​ပါ။

အချစ်​ကို မြူဆွယ်​လို့မရ​တော့ရင်
သိပ်​ကိုလှပြီ​ပေါ့
နောက်​ပြီးငါ့ကို မသတ်​ပါနဲ့
ငါ့စိတ်​ကိုသတ်​ပါ
လောကကြီးလှလာလိမ့်​မယ်​ ။

ဗလာင်းဗလဲကြိုးတစ်​​ခွေ
ပုံတိုပတ်​စ​လေး​တွေနဲ့
မင်း ဒဿနမှာ ငါ့ကို
သံ​ယောဇဉ်​ ကြိုး​လေးနဲ့သာ
နဖားကြိုးထိုးလိုက်​စမ်းပါ​လေ။

ကိုယ်​ကျင့်​တရား​တွေထမ်းပိုးရင်း
လောကနိတိနဲ့ ​နေသူပါ
ဝမ်းနည်းစရာ​ပေါ့
ကိုယ်​ ၀ါယာကြိုးထဲ ၀င်​အိပ်​ပြီး
လင်းမပြနိုင်​ဘူး က​လေး​ရေ။

တ​နေရာစီ​ဝေး
သက်​တံ​တွေ တံတားထိုး
ကိုယ့်​အသက်​ကို ပြန်​ကယ်​ဖို့
ဓာတ်​ပြားအ​ဟောင်းကိုအရသာခံရင်း
ဖောက်​ပြန်​​နေတဲ့ရာသီဥတုကို ရယ်​​မောဖို့ ပါရမီ​တွေဖြည့်​ပေး​ခဲ့ပါမယ်​။

လင်းဆက်​ပိုင်


Comments