ယုန်​​လေးသို့နှင့်​အခြားကဗျာ

Linsetpaing.pma@gmail.com

000111***###

ယုန်လေး.......သို့ (တမ်းချင်း) ယုန်လေးရေ...... သတိရခြင်းတွေနဲ့ လွမ်းတယ်ကွယ် ပြေးထွက်ခဲ့တာမှန်ပေးမယ့်ရုန်းလို့မရတဲ့စိတ် ယုန်လေး ခြေရင်မှာ အစဉ်အမြဲ ကပ်လျက်ပေါ့ ကန်ထုတ်မပြစ်ပါနဲ့နော် ဒီစိတ်လေးနဲ့လေ ဘဝကိုတည်ဆောက်ထားမိတာပါ ညစဉ်ပေါ့ကွယ် ယုန်လေရှိရာစိတ်ကိုလွှင့်တင်လို့ အိပ်စက်ခြင်းတွေ မေ့နေခဲ့ရတာလည်းပျော်စရာ တော်ရာဆိုတဲ့စကားတော့ ခါးတယ်ကွယ် မပြောပါနဲ့နော် ... ယုန်လေးရေ ငါတို့တွေ အနာဂတ်အတွက်ဘာမဆိုဖြစ်နိုင်တယ်နော် ကောင်းခြင်း ဆိုးခြင်းတွေ တွဲလက်ခိုင်ခိုင်နဲ့ ရဲရင့်ကြမယ်နော် သတ္တိတွေအပြည့်နဲ့ လမ်းကြမ်းကြမ်းတွေ ကန္တာရ တွေထဲချိုမြိန်ကြမယ်နော် အချစ်တစ်ခုရဲ့အင်အား၊ တန်ခိုး၊ တို့ရဲ့၊ ယုံကြည်မှု့တွေ ပေါင်စပ်လို့ .... ညနက်တွေဟာခဏပဲ အလင်းလာတာနဲ့လေ ကိုယ်ယောင်ဖျောက် ထွက်ပြေးကြတာပဲလေ.နော် ယုန်လေးရေ... ယုန်လေးရ..... ယုန်လေးရေ.. ... ယုံကြည်ကြမယ်နော်.. အကိုတို့ရဲ့မျှော်လင့်ချက်တွေရှင်သန်ဖို့..... အခု..... နေကောင်းအောင်နေနော်....ယုန်လေး လင်းဆက်ပိုင်
ယုန်လေးသို့(တမ်းချင်း ၂) .................................... ယုန်လေးနဲ့ ဝေးကွာခြင်းဟာ ငါ့အတွက် ငရဲပဲ ငါကလည်းရူးပါတယ် လမင်းထဲကယုန်မှလိုချင်တာ ယုန်က မုန်လာဥကြိုက်တာ ပြသနာပဲ ငါကအမှန်အကန်ကောင်လေ ကြံကြံဖန်မပြောတက် ဘာမဆိုင်ညာမဆိုင်တွေးမိသေးပေါ့ အဘိုအိုနဲ့အဆင်ပြေပါ့မလာပျင်းနေမလားပေါ့ တစ်နေ့တစ်နေ့ မော့ကြည်ပြီပြုံးပြနေရတာလည်းအမော ဘယ်တက်နိုင်မလဲဗျာ ငါ့မှာ စိတ်ကူးရင်ဆန်တဲ့အိမ်မက်တချို့ရှိတယ်ဆိုတဲ့အကြောင်းပြောပြချင်ယုံပါ ယုန်လေးရေ စုပ်တသပ်သပ် ရယ်မောလိုက်ပါ အရူးကိုဂုဏ်ပြုတဲ့သဘောပေါ့ ချစ်ခြင်းမေတ္တာသစ္စာဆိုတာ လူပြောများသလောက် ဝေး၀ါးနေကြတာ ပဲ ဒါမယ့်ငါက ယောင်ဝါပြီးချစ်တာမဟုတ်တာတော့ သေချာပါတယ် အမြဲတမ်းယုံကြည်ရာကိုစွဲစွဲမြဲမြဲလုပ်တက်တာကြောင့်ယုံကြည်ရာကိုပဲပြောခဲ့တာလေ ဘဝမှာယုန်လေးရယ်လက်ဖက်ရည်ရယ်စာအုပ်တွေရယ် ရှိရင်အရာရာဟာပြည့်စုံတယ် ဒါဟာထင်မြင်ချက်မဟုတ်ဘူးယုံကြည်ချက်ပါ ရိုးရိုးသားသား ပြောတာ ရိုင်တယ်မထင်နဲ့ကွာ အချစ်ဆိုတာ အတင်း ဖန်တီးလို့မှမရတာပဲ အဲ့တော့ချစ်တယ်ဗျ ပြန်လည်ယုံကြည်စွာချစ်ပါလို့တောင်ဆိုမယ်ဗျာ တူညီတဲ့ အတွေးအခေါ်အယူအဆတွေနဲ့ငါ့ကိုယုံကြည်ပါလ်ို့မပြောခိုင်ဘူး တောင်ခွင့်အရပဲဘောင်ထဲကတောင်ဆိုလိုက်တာ ငြင်ဆန်းခွင့်ရှိပါတယ် အဲ့အချိန်မှာငါဟာလည် အော်တိုမစ်တစ်စစ်စတမ်နဲ့သေဆုံးနိုင်တယ်ဆိုတာခြိမ်းခြောက်တာမဟုတ်ဘူးးး နေ့ရက်တိုင်းဟာပြဿဒါး နက္ခတ် မှားနေသလိုအဖြစ်ဆိုးတွေမမျှော်လင့်ချင်ဘူးကွယ် ဖြစ်နိုင်ရင်အနားကိုတိုး ပြီး တိုးတိုးလေး ချစ်တယ်လို့ပြောပေးပါလားကွာ လူနာအမဲခြောက်တောင်းသလိုဘိန်စားဆေးငတ်သလိုငါကအချစ်ကိုငတ်ကြီးကျနေတဲ့ကောင်ပေါ့ကွာ မုန်တိုင်းစကားလုံးတွေနဲ့ အကြည့်စူးစူးတစ်ချက်ဟာရင်ခွင် အက်ဆစ်လောင်းသလိုပါပဲကွာ မကြားချင်ဘူး မနာချင်ဘူး မမြင်ချင်ဘူး အဆိုး ဆိုတဲ့ မြင်းကွင်း အသုံးအနှုန်တွေကို စဉ်းငယ်မျှ မတွေကြုံလိုပါကွာ ဒီတော့ မင်သဘော စောကြောလေ တစ်ခုပဲ ပေးပါ ငါလိုအပ်နေတာ မင်းမြင်နိုင်မယ်ဆိုရင်လေ မပြောပဲသိတဲ့အရာ မင်းမျက်ဝန်းမှာ ငါတွေ့မိသလားပဲ အဲ့ဒါ... သေချာနေပြီ..... အချစ်ဆိုတာပေါ့ လင်းဆက်ပိုင်

ရဲရင့်ခြင်း အက္ခရာ ၂ ♡ ♡ ♡ ♡ ♡ ♡ ♡ ငါ့ဘဝရဲ့ရဲရင့်ခြင်းဟာ ၁၈.၈.၂၀၁၄ ၁၁း၀၀ည မှာ စခဲ့တယ် ယုံကြည်တဲ့ စကားလုံး ဂါထာရွတ် လို့ အောင်နိုင်ခြင်းနဲ့ သူ့ရင်ခွင်မှာ ၀ပ်တွားခဲ့တယ် ဒါ..ရိုးသားစွာ အမှန်တရားကို နားချခဲ့တာပဲ သွေးရူးသွေးတန်း အဖျားတွေ..... ဘဝဆိုတဲ့ *ဖြစ်တည်မှု့* ထဲမှာ တိုက်ပွဲတွေဆင်နွှဲ သမာသမတ်ကျတဲ့ယုံကြည်မှု့နဲ့ ပန်းပုထုတယ်ဆိုတာမလိုအပ်တဲ့ဘေးသားတွေဖဲ့ထုတ်တာပဲ ဘဝဆိုတဲ့ စကားလုံး ဘယ်လိုပုံစံ၊စံနှုန်းနဲ့ ထုဆစ်မလဲ မျော်လင့်ခြင်းလား... မျှော်လင့်ချက်လား.. ကံကြမ္မာ က မင်းသားလား ဗီလိန်လား တကယ်က.. အဆင်မပြေမှု့တစ်ခုရဲ့ ဆင်ခြေစကားလုံးများသာ ကျွန်တော်ယူဆချက် မှာတယ်ထားလိုက်ပါ သနာစရာကံကြမ္မာ တည့်တည့်လာပါ ရင်ဆိုင်ဖို့ အသင့်... တည်ငြိမ်စွာရဲရင့်ဖို့ တစ်စုံတစ်ခု လိုအပ်ခဲ့မယ်ဆိုရင် သစ္စာနဲ့မေတ္တာ နှစ်ထွေရောထားတဲ့ မင်းနှုတ်ဖျားကစကားလေးတစ်ခွန်းနဲ့ ငါ့ကို ဂုဏ်ပြုပေးပါ အဲ့ဒါ.....အက္ခရာ ၂ ပါပဲ

ယုံကြည်မှု့ ဆုံရပ် ♡ ♡ ♡ ♡ ♡ ♡ ♡ ကဗျာတစ်ကြောင်း စာလုံးပေါင်းအမှားတွေပြင်ဖို့ ခုန်ဆင်းလိုက်တယ် ဘယ်သူမှမပေးပဲ စတုတ္ထ မဏ္ဍိုင် ဆိုတာထဲကိုပေါ့ ခေတ်ရဲ့ အလွဲတွေ ချရေးယုံပါ ယုံကြည်ရာ အမှန်တရားအတွက် အခုတော့ တွေ့နေမြင်နေရတာတွေ ပုတ်ခတ်စောင်ချိတ် ပြီး အချင်းချင်းဆော်နေတာ ဘယ်လိုလိပ်ပြာလဲ အတ္တတွေဘေးဖယ်ပေးကြေး လမ်းက တစ်လမ်းတည်းပဲ ငြိမ်ချမ်းရေး ကို သင် ငါ ပြည်သူ အကုန်လိုချင်နေတယ် တွဲလက်တွေနဲ့ချိတ်ဆက် အောင်ပန်းတွေခူးဆွတ်ဖို့ ပုဂ္ဂလိက ခံစားချက် လွတ်ချသင့်တယ် ပုဂ္ဂိုလ်စွဲ အဖွဲ့အစည်း အစွဲတွေ ပန်းတိုင်ကို ပိုဝေးစေတယ်ကွာ ငြိမ်းချမ်းရေး ရဲ့ခေါင်စဉ်းအောက်မှာ ငြိမ်းချမ်းစွာ အေးချမ်းစွာ အပြန်အလှန် အလျော့ပေးစနစ်နဲ့ပေါ့ ၀င့်ဝင့်ကြွားကြွား လှချင်နေတယ် သန်း၆၀ မျက်လုံး အငိုတွေ မဖုံးဖို့ ညီညွတ်ကြပါစို့ လင်းဆက်ပိုင်
သစ္စာဆိုခြင်း ♪ ♪ ♪ ♪ ♪ ♪ ♪ ♪ အခုရက်ပိုင်း စိတ်တွေ အတက်အဆင်းလှေကား(ခါး)ထစ် ကျိုးကျလိုက် ၀ရိန်ဆော်လိုက်နဲ့ အမာရွတ်တွေပွစိတက် အချိန်မှီယုံလေ ကုသနိုင်ခဲ့တယ် စိတ်၏ အရှင်သခင်မရဲ့အပြုံးတစ်ချက်နဲ့ ရဲရဲဝံ့ဝံ့ ပဲ သေလိုက်ခါမှ ရှင်ပြန်ထမြောက်လာရတယ် ကယ်တင်ရှင် နတ်ဘုရားမလေးကြောင့် ကျေးဇူးပါ ငါ့ရဲ့ရှင်သန်ခြင်းများအားပေးသနာတော်မူးသော ကျွန်တော် သစ္စာအတိပြီသော ချစ်ခြင်းကို အသက်ဆက်စေသူလေး ဘဝတစ်ခုလုံး ကျိုးနွံစွာ သင့်အား လိုအင်ဟူသမျှဖြည့်စည်းပေးပါတော့မည် ချစ်လှစွာသော နတ်ဘုရားမလေရေ စိတ်အစဉ် နာခံလျှက် လင်းဆက်ပိုင်
အပြိုင် ရှုံး.....တယ် ✆ ♪ ✆ ♪ ✆ ♪ ✆ ♪ ❦ မင်းရင်ဘတ်ထဲက ငါ့ကိုအော်ခေါ်နေတဲ့ အသံအရိပ်တွေ ငါမြင်တွေ့ခဲ့တယ် မင်း.... ငြင်းပယ်လိုက်တဲ့စကားလုံးတွေဟာ မင်း... နှစ်သက်တဲ့ မြတ်နိုးခြင်းအတိပြီးသော လက်ရွေးစင် စကားစုလေးပါ ရင်ဘတ်ထဲကကြီးစိုးမင်မူနေတဲ့စကား ဦးဏှောက်ကနေ အတင်း ဆွဲချုံလိုက်တဲ့ မိတ္တူ တစ်စောင် ဆိုရင်... ဒါဟာ ငါ့ရဲ့ အိပ်ဆောင် Dictionaryပေါ့ ခေါင်းထဲမှာ ပန္နတ်ရိုတ်ဖို့ ...... ငြိမ်းငြိမ်အေးချမ်းစွာ အရွေ့လေးတွေနဲ့ ကျက်မှတ် ဘာသာဗေဒ အသစ် အမှာစားရေးထိုး မင်း... ဘေးထိုးထားတဲ့ အသဲနှလုံး မင်း ပြုံးတက်အောင် ငါသင်ပေးရုံသက်သက် ငါ့တို့တွေ ပြိုင်တူ ရှုံးနိမ့်လိုက်ကြတယ် မနေ့ညကကပေါ့..... လင်းဆက်ပိုင်
ယုန်လေး......သို့(နှုတ်ဆက်ခြင်း) *ယုန်လေးနဲ့တကွ သူငယ်ချင်တွေကိုပါနှုတ်ဆက်လိုက်ပါတယ်ခင်ဗျာ* ယုန်လေးရေ.. .... ရိုးရိုးလေးပဲ*နှုတ်ဆက်*လိုက်ပါတယ် ပေါ့ပေါ့ပါးပါး ပဲ ဖတ်ပါ ဒီစာမှာ မျက်ရည်တစ်စက် သွေးတစ်စက်ပါသွားတယ်ဆိုတာ ကျွန်တော် တစ်ယောက်ပဲ သိတာလေ အသဲနှလုံးကို *နှုတ်* *ဆက်*သွယ်လိုက်ပါပြီ သေမင်နဲ့ငါတွေ့ဖို့လေ ယုန်လေးရေ.. ..... ငါတို့ မသိခဲ့ကြဘူးပဲ ထားပါ ငါမရှိတော့တဲ့အချိန် နင်ပျော်ပါစေ ရင်ထဲကအမှန်ဆန္ဒနဲ့ ဆုတောင်ခဲ့ပါတယ် ယုန်လေးရေ.... G O O B Y E လင်းဆက်ပိုင်
ကျေးဇူပြု၍နာဆင်ပါခင်ဗျာ မကြာမှီအချိန်တွင်မှာ လ ပေါ်ကိုရောက်ပါတော့မယ် ရင်ခုန်သံတွေထိန်ထားပါ ယုန်လေး လန့်ပြေးသွားလိမ့်မည်

#ယုန်လေး ....သို့ (၃) လမင်းလေး ရေ နင်ကိုဖမ်းချင်တာမဟုတ် ဆန်ဖွတ်တဲ့အဖိုးအို နဘေးက ယုန်းလေးကိုလေ ဖေးမကူညီချင်တာ ခါးကုန်းတဲ့အဖိုးအိုလေ အီဘိုလာဖြစ်နေပြီတဲ့ ယုံလေးအထီးကျန်မှာပေါ့ ယုန်လေးရေ အခုပဲ ခုန်ဆင်း ငါ့ရင်ဘတ်ကြီး စီးခံကြိုဆို ထုတ်ချင်းပေါက် ချင် ပေါက်ပါစေ အတူထိုင်ပြီးလေ ကြယ်လေးတွေအကြောင်း ငါ့ကိုပြောပြလေ မောင်ရင်ဆိုင်ထမ်းအကြောင်းပြောတော့ မျက်ရည်တွေရစ်ဝဲလို့ ယုန်လေး ရေ တို့နှစ်ဦးကြားမှာရော လေညှင်းလေးတောင် အ၀င်မခံနဲ့ကွယ် ဓူဝံလေ မြောက်ဘက်ပဲသွားနေတာ ခုနှစ်စဉ်ကြယ်ပေါ့ သူ့အနားမှာ ငါကလဲနေကြာပါ ယုန်လေရှိရာ မျက်မူနေတာဆိုတော ယုန်လေးကရယ်တယ်လေ မုန်လာဥ တဲ့ မဟုတ်တာ ငါမုန်လာဥလုပ်ရင် အစားခံရမှာပေါ့ တစ်ယောက်တလဲ ကြည်စယ်လို့ ယုန်လေးရေ မိုးကောင်းကင်မှုန်မှုန်နဲ့ ငါရင်ခွင်ဝပ်ကျင် ဘယ်ဟာကပိုပြီးလေ နွေးထွေလဲဆိုတော့ အကိုဝပ်ကျင်း ခပ်ကျဉ်းကျဉ်းလေးထဲ ရူးရူးမိုက်မိုက်ခုန်ဆင်းခဲ့တာပဲလေတဲ့ ဖြစ်သမျှအကြောင်း အကောင်းပေါ့တဲ့ ဘယ်လောက်ရိုးစင်းလှသလဲ သစ္စာတရားကို ကျစ်ကျစ်လျစ်လျစ် ဆုပ်ကိုင် ထား...လို့ ယုန်လေးရေ ယုံပါကွယ် စစ်မှန်တဲ့မေတ္တာတရားနဲ့ သန့်စင်တဲ့ အချစ်တွေ ယုန်လေးပျော်ရစေမယ် ယုန်လေးရေ ကိုယ့်မှာ အိပ်မက်တောမှာမိန်မော ဆင်ခြင်တွေးတော ဆွေးမော...လို့ အတွေးစိတ်ကူးတွေလွှင့်တင် ယုန်လေးကြားပါစေ.. ချောင်းခြား မြှောင်းခြား ရေခြားမြေခြားလည်း ကြာပါစေကွယ် လင်းဆက်ပိုင်
ယုန်လေး......သို့(၂) ♪ ♪ ♪ ♪ ♪ ♪ ♪ ယုန်လေးရေ မကြာခင် ရောင်နီလာတော့မယ့်ကွယ့် တောင်တန်းကြားက နေမင်းကြီးကို အတူတူ ကြိုကြစို့နော် ယုန်လေးရေ ရောင်နီကိုလေ အပိုင်ဝယ်ပြီး ငါ့ရင်ထဲမှာထည့် ယုန်လေးက ငါ့ရင်ဘတ်ကိုမှီ ခို ပေါ့ ဘင်ခရာတီးဝိုင်း လို ငါ့ရင်ခုန်သံကြောင့် ယုန်လေး လန့်သွားမှာစိုးရိမ် မိ ယုန်လေးရေ ငါတို့ဆုံရပ်အနီးအနားမှာ အထင်ကရ*ဇ*တောင်ကိုတက်မယ်ကွယ် မောလာရင် ကိုယ့်ပခုံးကိုမှီ ခုံတန်းဆောင်းလေးမှာနားရင်း တီတီတာတာ ပြောမယ်ကွယ့် လမ်းတွေကြမ်းနေရင် ယုန်လေး ဖ၀ါးနုနု အိုးးး သွေးခြေဥနေမယ် ရော့ကွယ့်..အကို့အသဲနှလုံး ဖိနပ်လုပ်စီး ဟော့ဒီ့ ပစ္စုန်ပ္ပန် တလျှောက်လုံး မချွတ်စတမ်းစီးပါကွယ် အားမနာပါနဲ့ကွယ့် ကိုယ်ရံတော်လိုစောင်ရှောက် ခလုတ်မထိဆူးမငြိစေပဲ အခုအချိန်ခဏတော့ မျက်စိအောက်က အပျောက်မခံ တို့နှစ်ဦးကြားလေညှင်းလေးတောင် ဖြတ်သန်း သွားခွင့်မရှိဘူးကွယ့် ဒီစိတ်ကူးလေး ဒီစိတ်ကူးလေး ဒီစိတ်ကူးလေး မျှော်လင့်ရင်းလေ ကံကြမ္မာကြီးနော် ကူညီ ဖေးမပါ သေချာနေတဲ့ဆုံမှတ်ကိုလေ အထားအသို မှန်ကန်အောင် စောင့်မတော်မူ လောကတစ်ခွင် သာယာကြည်လင်.... ယုန်လေးလည်း ဆုတောင်းပါ လှည့်ပတ်နေတဲ့စက်ဝိုင်းကြီးထဲ နှလုံးသား တွေ ဖူး ပွင့် တဝေေ၀ ရနံ့ တို့ စိတ်ကူးထဲမှာ မွှေးပျံ့ နေ......သည် လင်းဆက်ပိုင်




လင်းဆက်ပိုင်
**********အိပ်ပျက်ညတွေအသင်္ချေ************* တိတ်စဆိတ် အိပ်ပျက်ညတွေ ဘယ့်သူမှာတာဝန်ရှိလဲ ညနက်ကြီးရဲ့အော်သံတွေ ခေါက်တွန့်ခေါက်ပြန်လမ်းသလား လွမ်းဖျားတွေ သွေးတက်လို့ ညနက်ကြီးရေ ဘာသာစကား အသစ်တွေနဲ့ စိတ်ပျက်အောင်ထပ်မလုပ်ချင်နဲ့လေ အတိတ်ရက်တွေ ဆွဲဆန့် စက္ကန့်တံနောက်လှည့် သုညကနေပြန်စချင်တာလား ထားပါ ညနက်ကြီးအတိုင်း ဒီထက်ပိုပိုနက်စရာ အိပ်မက်မက်ချင်မနေနဲ့တော့ အရှိတရားလေး ဖြစ်တည် တာတွေပဲ လက်ခံလိုက်ပါကွာ…….. အရှိတရားလက်ခံထားလည်း ညမှောင်ညနက်ရှိသလို ရောင်နီလာမဲ့အလင်တန်း မျှော်လင့်ချက်လေးတော့ ထားနိုင်မယ်ထင်ပါရဲ့ လေးနက်မှုမရှိတဲ့ ခံစားချက် ဆားနဲ့ပက်လည်း ဘာမှမထူးဘူး... အဲဒီတော့ ..ငါ မရူးတော့ဘူးဟေ့လို့.. အသိဥာဏ်ကို ဦးစားပေး ခပ်ဝေးဝေးပြေးထွက်ခဲ့တာ.. မောရ ကောင်းမှန်းတောင် မသိခဲ့ဘူး။ အသဲကွဲ ကဗျာတစ်ပုဒ်ကို ဂျစ်ပစီဆန်ဆန် ည..တစ်ညမှာရေးစပ် ရောင်းတန်းမဝင်ခဲ့တဲ့ ရင်ခုန်သံတစ်ချို့ အရင်းတည် ပျက်ယွင်းမှုရာသီ ကာရံ မညီအောင်ထည့်ရင်း... အဲဒီည ....အိပ်ရေးပျက်တာပဲ အဖတ်တင်ခဲ့တယ်။ လင်းဆက်ပိုင် နှင့် လင်းဝေဖူး

အတောင်တွေအချိုးခံထားရမှတော့ ကောင်းကင်ကြီးလှပလဲ ဘာလုပ်ရမှာလဲ ဗျာ..... လွတ်လွတ်လပ်လပ် ပျံပါ ဟုတ်လား မြည်သံစွဲအလင်္ကာမြောက်အောင် ခင်းဗျာအသံလှတယ်နော် ဒီမယ်ဒီမှာ အိမ်ပြန်ချိန် တွေ ဘယ်အချိန်လဲ အတောင်မရှိတဲ့ငှက်တွေလေ အိမ်ယာမဲ့မျော်လင့်ချက်တွေ ထပ်မက်မခိုင်းပါနဲ့လား မတင်မကျမျှော်လင့်ချက်လေး အစလေးမိယုံ ပြန်ဆွဲမိပြန်တော့လည်း လေပြင်းကတိုက်မုန်းတိုင်းကမိ ဘယ်မှာလဲကွာကိုယ့်အတွက် မျှော်လင့်ချက် သွားကွာအဝေးကြီးကို လွင့်ပစ်လိုက်ပီး................................ လင်းဆက်ပိုင် နှင့် လင်းဝေဖူး

တစ် ဒဿမလွဲတဲ့ ဆုံမှတ် ✔ ✔ ✔ ✔ ★ ➳ ♡ ❀ မင်း နဲ့ ငါ ဟာ လေ အလင်းနှစ် ဘယ်နှစ်သန်း နီးခဲ့ဖူးလဲ ငါ့ဝိဥာဉ် ၀ါဆွေးဆွေးလေး စီးဆင်းနေတာ မင်းနဲ့နီးဖို့ တစ်စက္ကန့်တိုင်းဟာလေ လေး သေင်္ချနဲ့ ကမ္ဘာ တစ်သိန်းကြာတယ် အယောင်ဆောင် လွတ်လပ်ခြင်းများ တွန်းတိုက်ခဲ့တဲ့ ကော်ဖီလစ်ကွာ (Coffee Liquer)တစ်ခွက် ရောင့်ရဲတင်းတိမ် နိုင်ဖို့လေ မဲ့ပြုံးလေးတစ်စက်လောက်ရောခဲ့တယ် ငါ့ရဲ့ဖြူစင်မြင့်မြတ်ခြင်းတွေအတွက် သူ့ရဲ့ မေ့လျော့ခြင်း ပန်းချီ တစ်ချပ် ဘယ်ခုံရုံးမှာ ဦးတိုက်လျှောက်ရမလဲ လရောင် တစ်ကမ္ဘာစာ ဝေးခဲ့ကြပေါ့ နှစ်လုံးလမ်းကြောင်းတစ်လျောက်မှာလေ ကျူးကျော်တဲတွေ အစီအရီ ခံနေပေါ့ ကံကြမ္မာ ဘူဒိုဇာ ဘယ်အရပ်မှာ ဆီဖောက်ရောင်းစားနေလဲကွာ ဘာာာာာာ မြားနတ်မောင် အမိန်စောင့်နေတာ သြော် ...အေး.. ငါ့အိုမင်းခြင်းတွေ မြွေလိုအရေလဲလို့မရတော့ အက္ခရာ ၃၃ လုံး ယောက်ယက်ခတ် ကဗျာတွင်းထဲမှာ ကူးခတ်နေ မနူးမနပ်ပေမယ့် မင်း ခူးခပ်စားပါလေ ခန့်ပိုင်မှူး


Comments