နူးညံ့စွာပြိုကျနေတာလက်ဆွဲနှုတ်ဆက်တဲ့နေ့
________________________________
ငါ့ ကိုယ်ကျင့်တရားကို အမြန်လာနမ်းပါ
နုသစ်တဲ့ ယဉ်ကျေးမှု့တွေထဲမှာ
အထီးကျန်ခြင်းဟာ ရင့်ရော်လို့
ဆုံတွေ့ချိန်တွေ ဘယ်သူ ဆင်ဆာဖြတ်လိုက်သလဲ
နာမတော်တစ်ခု ဂါထာလိုရွတ်ကြည့်တော့
မီးခိုးတွေအူတယ်
အပြုံတွေက မေးခွန်းတွေအန်ထုတ်တယ်
ရင်ခုန်သံနဲ့ ပေါင်းသင်ဖို့ သက်ပြင်းကိုရွှေရည်စိမ်
လက်တွေ့သင်္ခန်းစာထဲက ကောင်မလေးရေ
ငါ မျှော်လင့်ခြင်းကို ခလုတ်တိုက်မိတဲ့နောက်
အသိတရားတွေခြောက်သွေ့အက်ကွဲတယ်
ခဏဆုံခဲ့ကြတဲ့
နှုတ်ခမ်းကစကားလေးရယ်
ကြားမိတဲ့နားရယ်
ဖျပ်ခနဲ့ပွင့်သွားတဲ့ တံခါး
ရိုးသားခြင်းတွေ ပက်ကြဲခဲ့တယ်
မိုးကောင်းကင် ကို ရင်ခွင်ထဲသွင်းဖို့
အမှားသီအိုရီရဲ့လှေခါးထောင်တုန်း
လမင်းကထွက်ပြေးသွာတဲ့အခါ
ကိုယ့်အမှန်တရားဟာ မှောင်ပေးရတယ်။
လင်းဆက်ပိုင်
7.3.2015
Comments
Post a Comment