မရှိခြင်းထဲကနူးဆွမိတဲ့​ပျော်​ရွှင်​ခြင်း

မရှိခြင်းထဲကတူးဆွမိတဲ့ ​ပျော်​ရွှင်​ခြင်း
±±±±±±±±±±±±±±±±±±±±±±±±±

အမှန်​တရားကလွဲရင်​ကျန်​တာခွင့်​မလွှတ်​ပါနဲ့ အချစ်​ရယ်
မှန်​ကန်​မှု့ဟာ နှုတ်​ဆိတ်​​နေ​ပေမယ့်
မုသား​တော့မ​ပြောပါရစေနဲ့ အချစ်
ချစ်​မြတ်​နိုးခြင်း​တွေဟာ
ဘယ်​​တော့မှ​လောင်​မီးမကျနိုင်​ဘူး
တချို့အသံ​တွေဟာ ရင်​ထဲကမလာပါဘူး
ဘာပဲဖြစ်​ဖြစ်​ ​ပေါ့
ကိုယ်​အရိုး​ကြေ​ကြေ အ​ရေခမ်းခမ်း
မ၀​ရေစာ​နေ့ရက်​​တွေနဲ့
သစ္စာ ကရုဏာနဲ့ ​မျှော်​လင့်​ခြင်း ဂီတမှာ
ရိုးသားစွာ ညည်းဆိုပါရ​စေ
မိုး​ခေါင်​​ရေခြားလည်း ရ​အောင်​ပွင့်​ပါ​စေ အချစ်
အကြင်​နာနဲ့​ထွေးပိုက်​​ပေးဖို့
မင်းနှုတ်​ခမ်း​တွေ ပြာ​နေသလား
လိပ်​ပြာငယ်​စရာ လားကွယ်
မင်းနှုတ်​ခမ်း အဖွင့်​အပိတ်​နဲ့
သံသရာရှည်​​အောင်​ အ​ဆွေး​တွေ
ငါ ကမ္ဘာကုန်​ကျယ်​သ​ရွေ့ ယုယပါ​စေ
စိုးရိမ်​စရာမဟုတ်​တာ ပူပင်​​မ​နေပါနဲ့အချစ်
ယုံကြည်​မှု့ဆိုတာ ကိုယ်​တို့​မွေးမြူထားတဲ့
ခွန်း​အား​တွေပဲ အချစ်​ရယ်
တူနှစ်​ကိုယ်​ လွန်းတင်​ထားတဲ့ကြိုးဟာ
သံ​ယောဇဉ်​ အ​ရောင်​​တွေလင်းလက်
ဝေး​နေချိန်​​တွေအတွက်​ ...
အသားမာတက်​​နေတဲ့ အသဲနှလုံး​တွေနဲ့
တမိုး​အောက်​ထဲမှာ မသိကိန်း​တွေ​ရေးတွက်​ရင်း
ကစဉ့်​ကလျားအ​တွေး​တွေနဲ့
အလင်းဦးရဲ့​ရောင်​နီကို အတူကြိုစို့ကွယ်​။

လင်းဆက်​ပိုင်
14.3.2015


Comments