လောင် ဆာ ပျိုးခင်းထဲက ကျွန်တော်တို့
___________________________________
နာမ်စားလေးတစ်ခု နဲ့ အိပ်ပျက်ည
ဘယ်လောက်အကြာမှာ အိပ်မက်ခွင့်ရှိမလဲ
အိပ်မက်ဟာ အမှန်တရားနဲ့ သွေဖီတက်တာလည်းသိ
အိပ်ပျော်ဖို့တော့ ကြိုးစာရ အိပ်ဆေးတွေတောင်ငိုတယ်။
ညကြီးက ခလော ခလူးနဲ့ အိပ်မောကျ
လမ်းတွေက ငါခြေလှမ်းတိုင်းကို
ခါ ခါချနေတယ်
လမ်းမှာ အပြစ်ရှိတာလား
ငါ့ခြေထောက်က အပြစ်ရှိနေသလား
မာရှယ်လော ထုတ်ထားတဲ့ညနဲ့ပဲ
တစ်ညလုံးဘောင်ခတ်ထားတဲ့ လမ်းမှာ
အိပ်ရေးပျက်ခဲ့တယ်။
အဲ့ဒီညက ခြေလှမ်းတွေ
၄၃၆ လှမ်း လှမ်းတာမှာတာပါပဲ
အစိမ်းရောင်လမ်းကို မကြိုက်ဘူးပြောလဲ
ဇွတ်အတင်းလျှောက်ခိုင်းတာ
တိုက်ပုံနဲ့ ခေါင်းပေါင်းနဲ့
မုသားဝါဒနဲ့လက်ထပ်ထားတဲ့ သူတို့သားပါပဲ။
မှတ်မှတ်ရရ အဲ့ဒီ့လမ်းမှာ
လယ်ကွက်တွေမရှိတော့ဘူး
မြစ် ချောင်းတွေ မရှိတော့ဘူး
ဆိုင်ဘုတ်နီနီတွေထောင်ထိုးထိုးထောင်လို့
ကြော်ငြာခတော့ အတော်ရလိမ့်မယ်
ရဲရဲတောက် စာတမ်းတွေ
မကျူးကျော်ရတဲ့ အံသြပါ့
ဘာပိုင် ညာပိုင် နဲ့ ခွေးသမိုင်းဆိုင်းဘုတ်တွေပဲ တွေ့ရတယ်။
ဥာဥ့်နက်ကြီးထဲ
တငိုငိုတရီရီ (ရယ် ရယ်)ပျိုးခင်းတွေတွေ့ရတယ်
ဉာဉ်ငှက်တွေ အရောင်စုံလို့ လှတယ်
တလမ်းလုံး အဏာဆိုတဲ့ အမှိုက်ပုံတွေ ပေါဌေးလောဌေးပဲ
ရှင်းဖို့ လင်းဖို့ ပြည်သူအားလုံး
ညီညီညွှတ်ညွှတ် ရရာလက်နက်နဲ့
အမြန်ရှင်းမှ ဖြစ်တော့မယ် ။
ရောင်နီသမ်းနွေဦးရောက်လုနီးတော့
လက်ပတ်နီတွေတွေ့တယ်
လည်ပတ်နီတွေ တွေ့တယ်
တဟားဟား တ၀ါးဝါး နံပါတ်တုတ်တွေနဲ့
အမှန်တရားကို မုဒိန်းကျင့်တယ်။
အသဲနှလုံးမရှိသူကြီး စက်တပ်ထားသူကြီးက
မလေး ခြား မှာ ကြောင်ရေချိုးဖို့ ရှောင်တယ်
စက်လူသားဟာ လူစိတ်မရှိတာ သူပုံစံပါပဲ
ရေဒီယို ခလုတ်နိပ်ရင်တော့ မိဘပြည်သူများလို့ မြည်တယ်။
လင်းဆက်ပိုင်
15.3.2015
Comments
Post a Comment