ဆိုက်​​ဘော့​ခေတ်​ထဲမှာ

ဆိုက်​​ဘော့​ခေတ်ထဲမှာ
____________________
\လင်းဆက်​ပိုင်​ \

စိတ်​ကိုအစာ​ကြွေးဖို့ လူက လူနဲ့မတူ​တော့ဘူး
ယန္တရားဆန်​တဲ့လှုပ်​ရှားမှု့​တွေနဲ့
တစ်​ရက်​ပြီးတစ်​ရက်
ပျော်​ရွှင်​မှု့တိုင်းကို ၀ယ်​ယူရင်း​ပေါ့
ကမ္ဘာ​ပေါ်က လူတိုင်းဟာ စက်​ရုပ်​​တွေဖြစ်​ကုန်​ပါပြီ
စက်​ရုပ်​လို ပရိုဂရမ်​​တွေကို အားကျတုပ​လေ့ကျင့်​​နေကြပြီ
အနုပညာဟာလည်း​ရေဒါမှာမဖမ်းမိတဲ့​လေယာဉ်​​တွေလိုပဲ
ငြိမ်းချမ်း​ရေးဟာ မာနတ်​လက်​ထဲမှာကျ​ရောက်​​နေပါပြီ
ဂလိုဘယ်​ဆိုင်းဘုတ်​ကြီးဟာ
ဝဲယားသူ​တွေ အယား​ပြေ​စေခဲ့ပါပြီ
စကြာဝဠာကို ​ဈေးကွက်​ချဲ့ထွင်​ဖို့ နာဆာရဲ့အကြံအစည်​များ မ​သေဂြိုလ်​ကိုရှာ​နေတာရူးလို့​​နေမှာပါ
ကဗျာကိုတီထွင်​သူ​တွေအ​ကြောင်း​လေ့လာကြည့်​​တော့
သူတို့ဘ၀ဟာအ​သေ​လေ​တွေ ခဏခဏ​မွေးသတဲ့
ကမ္ဘာကြီးက​လေး​ထောင့်​ဆန်​လာတယ်
စ​ကေး​တွေနဲ့ ​ထောင့်​မှန်​​တွေဟာ
တဦးချင်းစီ အ​ဖြေတစ်​ခုစီရှိ​နေကြ​ပေါ့
ကုမ္ပဏီအလိုက်​ကွဲပြားခြားနားသလိုမျိုး
ဝမ်းကွာတားနဲ့ စက်​ရုပ်​မ​လေးလမ်းဖြတ်​အကူးမှာ
အကြည့်​များ
ဒါဟာ
လူသားဖက်​ရှင်​ဖြစ်​​ကြောင်း
အသံတိတ်​ လိင်​ကျူးလွန်​​နေကြ​တယ်​။

19.3.2015


Comments