သိမှု့အလွန်ထဲက သိရှိမှု့ပုံပြင်တစ်ပုဒ်
_________________________________
မသိစိတ်ထဲပျော်ဝင်နေတဲ့ သိမှု့ဟာ
အသံမရှိ ပုံရိပ်မရှိ စကားလုံးတို့မရှိ
သိတယ်ဆိုတာထက် ဘာမှရှင်းပြစရာမရှိတဲ့ သိခြင်းမျိုးနဲ့ ......
ဖမ်းမိလိုက် မရေမရာ ပြန်လွှတ်ချလိုက်နဲ့ တစ်ခုခုမှားနေတဲ့ အမှန်မျိုးလားပဲ.....။
တွေ့ခဲ့တယ် ရင်နှီးခဲ့တယ် ၀င်သက်ထွက်သက်တိုင်း သူ့ရဲ့ရနံတွေနဲ့
စီးမျောရှင်သန်ရင်း ....
လတစ်စင်းထဲက ခုန်ဆင်းလာတဲ့ ယုန်တစ်ကောင်ဟာ လူယောင်ဖန်ဆင်းနိုင်တယ် ။
ဒါဟာ အမှန်မဟုတ်ဘူးဆိုပေမယ့်
ကျနော် အဆက်သွယ်ရခဲ့တယ်။
အောက်တိုဘာ ၁၈ရက်နေ့ ၂၃နာရီ၄၅မိနစ်အချိန်မှာ။
ထူးဆန်းမှု့လို့တော့ မထင်ခဲ့ဘူး
တချို့အရာတွေဟာ တိုက်ဆိုင်တက်တယ်။
လူတွေပြောပြမရတဲ့ တိုက်ဆိုင်မှု့ ၊ စိတ်နယ်လွန်ဖြစ်ရပ်များလိုမျိုးပေါ့။
ကျွန်တော်တို့ပြောတဲ့စကားတွေဟာ
ကျွန်တော် တစ်ခါမှမပြောဘူးတဲ့ ဘာသာဗေဒနဲ့ ပါ။
ကမ္ဘာသုံးဘာသာစကားရဲ့အပြင်ဘက်က ပုံစံအသစ် စကားလုံးတွေပါပဲ။
ဒါဟာ စိတ်ချင်ဆက်သွယ်မှု့နဲ့သာ နားလည်နိုင်တဲ့ ဘာသာဗေဒမျိုးပေါ့။
အမူအရာ မပါဘူး စကားလုံးမရှိဘူး
တကယ်ရှင်းပြစရာမရှိတဲ့ ချွင်းချက်မရှိနိုင်တဲ့ ဘာသာရပ်ပဲဆိုပါတော့။
အရမ်းပျော်စရာကောင်းတာတော့အမှန်ပါပဲ။
ပါတ်ဝန်းကျင်ဟာ ကမ္ဘာမြေလိုမဟုတ်ဘူး။ မီးလင်းနေတဲ့သစ်ပင်တွေနဲ့
ညတစ်မျိုးပဲရှိတယ်။အဲ့မှာ နေ့ဆိုတာမရှိသလို ၊ နေဆိုတာလည်းမရှိဘူး။ သစ်ပင်တွေဟာ လမ်းလျှောက်ကြတယ် ။မီးရောင်စုံလင်းနေတဲ့ သစ်ပင်တွေ လမ်းသွားနေတာ မြင်ကြည့်လိုက်ပါ။ အဲလိုမျိုး။
ဒါဟာ ဘယ်ဘ၀နဲ့ အဆက်အသွယ်နဲ့လဲတော့ ကျနော်မသိဘူး။
အဲ့ဒီနေရာ ရှိတယ်။ကျွန်တော် အဲ့နေရာကို ရောက်နေတယ်။ယုန်လူမလေးဟာ အမြဲတမ်းပြုံးနေတက်တယ်။
ဒီအပြုံးဟာအနန္ဒစကြာဝဠာ ထဲမှာ ရှာတွေ့ဖို့ အတော်ခက်ခဲမယ်။ဒါဆို ကျွန်တော်ဟာ ကံဆိုသူလား၊ကံကောင်းသူလား။ ကျွန်တော့်ရင်ကိုအေးမြလန်းဆန်း ခွန်အားတွေ တိုးစေတာအမှန်ပဲ။
အရိပ်တစ်ခု ၊ဘေး ဘယ် ၊ညာ ၁၈၀ဒီဂရီလှည့်ကြည့်တယ်။
ဘယ်သူမှမရှိဘူး။
ကျွန်တော်ကရော လူတစ်ယောက်လား။
မသိဘူး ။အရိပ်ဟာ လူနဲ့မတူတာသတိထားမိတယ်။
မျက်နှာမှာ မျက်စိမပါဘူး နှာခေါင်းမပါဘူး။ပါးစပ်မပါဘူး။
ဒါဆို အသက်ရှူမှု့ မရှိပဲ အစာမစားပဲ ရှင်သန်နေနိုင်တာလား။ တခြားဂြိုလ်သားတွေလို ပုံသဏ္ဍာန် နဲ့ လည်းမတူပြန်ဘူး။
ငါတို့ခြေလှမ်းတွေ ဘယ်ကိုဦးတည်နေတာလဲ။
ပြိုင်တူမေးမိကြ။အသံမထွက်ဘူး။တစိယောက်စိတ်ကစကား တစ်ယောက်ကကြားနေရသလိုမျိုးပေါ့။ ပြီးတော့ အပြုံးခြင်းဟာ တထေရာတည်တူလို့ပေါ့။ပြိုင်တူရယ်မောလိုက်ကြတာ ။ဥဒဟိုလမ်းလျှောက်နေတဲ့မီးရောင်စုံသစ်ပင်တွေ စောင်းငဲ့ကြည့်ပြီ ကြောင်ကုန်တယ်။
ကိုယ်တွေရဲ့အပြုအမူကို တခါမှ မမြင်ဘူးမတွေ့ဘူးသလိုဟန်နဲ့။
ဆက်လျှောက်ကြတယ် ။
အဆုံးအစမရှိတဲ့ လမ်းမတွေထဲ တိုးဝေ့ရင်း တွဲလက်ကို ကျစ်ကျစ်ဆုတ်လို့။ သိမှု့ထဲမှာ တစ်ခုခု လစ်ဟာနေတဲ့ခံစားချက်နဲ့။ ခေတ္တ ရပ်လိုက်တယ် ။ ဒါဟာ ဘာကြောင့်လဲ အဖြေမရှိဘူး။အလိုလို ရှေ့ဆက်လျှောက်ကြတယ်။
လမ်းတိုင်းဟာ သက်တန့်ရောင်တွေဖြာလင်းလို့ လှပလွန်းတယ်။
ပျော်စရာအရမ်းကောင်းတဲ့ပန်းချီကားထဲကိုယ်ရောက်သွားသလို ခံစားမှု့ပေါ့။ ကျွန်တော်တို့ဟာ ချစ်သူတွေလား။ အာရုံမှောက်မှားမှု့တွေ ကြုံနေရတာလား။ မသိဘူး ဘာမှမသိဘူး။
သူ့အပြုံတွေ အရမ်းလင်းလက်တောက်ပလို့။ သိမှု့ထဲရောက်လာတဲ့ မသိခြင်းတွေ ဘာတွေလဲ ။ သူ့အပြုံးဟာ တဖြည်းဖြည်း အလင်းရောင်တွေ လျော့လျော့လာရင်းးး
ရုတ်တရက် အမှောင်ကြီးစိုးသွားပြီး။
ဘာမှမမြင်ရတော့ဘူး။ဘာမှအာရုဏ်ဖမ်းလို့မရတော့ဘူး။ ငါ့ပါတ်ဝန်းကျင်တစ်ခုလုံး မည်းမှောင်ပိတ်လို့ပေါ့။
အလင်းရောင်း ၀ိုးတ၀ါး ၀င်လာလိုက်
ပြန်မှောင်လိုက်နဲ့။အာခေါင်တွေခြောက်ကပ်လို့ပေါ့။ရေ ....ရေ....ရေတိုက်ပါ ရေ.......ေ.......ရ ။
အေးမြစိုဆွတ်တဲ့ အထိအတွေ
နောက် အသံ တစ်ခု သား သတိရပြီလားတဲ့ သဲ့သဲ့လေး။မေမေလေ မှတ်မိလားတဲ့။ အားယူပြီးမျက်လုံးဖွင့်ကြည့်တယ် ။ဝေး၀ါဆဲ ဘလုံးဘထွေကိုယ့်အသံထွက်လာတယ်။မေမေ သား မှတ်.......မိ မှတ်........မိ ပြန်မှောင်သွားရင်း။
တဖြည်းဖြည်း ကြည်လင်းစွာသတိရလာပါတယ်။
ကျွန်တော်ဟာဆေးရုံ ကုတင်တစ်ခုပေါ်မှာ မေ့ဆေးပေး နှလုံးအစားထိုးကုမှု့အောင်မြင်ခဲ့ပါပြီလေ။
မွန်းကြပ်တဲ့အသက်ရှူမှု့ထဲမှာ
အမြတ်တနိုး ကြင်နာခြင်းတွေ ပေးဖို့ရှိနေပေမယ့်
လက်ခံတဲ့သူမရှိတဲ့အခါ.....
ဘယ်တော့မှပြန်မတွေ့နိုင်တဲ့ ယုန်လူမလေးကို လွမ်းနေရင်းးးပေါ့။
လင်းဆက်ပိုင်
20.3.2015
Posted via Blogaway
Comments
Post a Comment