နာတာရှည်အိပ်မက်
_______________________
အတွေးတွေတမျှင်ခြင်းဆွဲနှုတ်လိုက်ပါပြီ
စိတ်တစ်ခုစာ ကျူးလွန်ဖို့ ပထမခြေလှမ်းပေါ့
အသိအမှတ်ပြုလက်မှတ်တစ်စောင်
စိတ်တူကိုယ်တူ ကိုင်ခဲ့သမျှ....
ငရဲဆီမှာ လက်ဖြန့်တောင်းမိတဲ့အဖြစ်လို။
ဒီကမ္ဘာထဲမှာ ရှိနေပါလျှက် ဘယ်လိုမှဆက်သွယ်လို့မရတဲ့အခါ....
သတိရလွမ်းတဲ့စိတ်ကို ဘယ်လို ဖောက်ခွဲရမလဲ
ရှင်သန်ချိန်ခဏလေး နွေးထွေးပေသူမရှိရင်
ရှင်သန်မှု့ဟာ ဘာအဓိပ္ပါယ်လဲ...။
ပုံဆိုးပုံပျက် ကောင်းကင်ကို ငါရန်တွေ့ခဲ့တယ်
အမည်းရောင်အလင်းတွေကို
ဘယ်လိုခံစားချက်နဲ့ စိတ်ကြည်နူးရမလဲ
စိတ်ရဲ့ အံဝှက်ထဲကတောင်းဆိုတဲ့ အဟာရတိုင်း
အာရုံခံစားမှု့တိုင်းမှာ
မေတ္တာစစ်တဲ့သစ္စာကို ငတ်ကြီးကျနေတယ်။
ချောက်ကမ်းပါးထဲကို ပြုတ်ချခံရတဲ့
နှလုံးသည်းပွတ်စကားလုံးတွေက
ယုံကြည့်ခဲသမျှဇောက်ထိုးမိုးမျှော်ဖြစ်ရ
အနာဂတ်ကို ဖြန်ခင်းထားတဲ့ အိပ်မက်တွေ
လှလှပပ အနိုင်ယူခြင်းခံရတာ
ငါ့ အသိဉာဏ်ညည်းညည်းညူညူဖြစ်ရပြီ။
ဒဏ်ရာတွေကို ဆေးဖော်ကြောဖက်ရင်ခွင်
ဘယ်ချောင်မှာကပ်နေတာလဲ
အပေါစားဆင်ခြေတွေဆေးရုံတင်ထားလိုက်ပါ
ကိုယ်စိတ်ကိုမှိတ် တွေးမိသမျှအငွေ့ပျံ
တငိုငိုတရယ်ရယ်လောကထဲမှာ
မင်းအညောင်းပြေ အညာပြေ
အပျင်ပြေဖြစ်ဖြစ်
#ငါ့နာကျင်မှု့ကို မင်းရင်ခွင်နဲ့အဆုံးသတ်ပေးပါ။
အဆုံးသတ်လိုင်းကို #ကိုမိုးစက်ရေးပေးတာပါ
လင်းဆက်ပိုင်
21.3.2015
Comments
Post a Comment