အိပ်​မက်​သူ

အိပ်​မက်​သူ
____________
အ​ဝေးဆီသို့ စိတ်​ညွှတ်​ရင်း
ရင်​ထဲမှာ ​ငွေ့ရည်​ဖွဲ့ထားတဲ့တိမ်​​တွေ
မရွာချဖြစ်​​အောင်​ တားဆီး
သိပ်​လှပတဲ့ တိမ်​ပြာ​မ​လေး​ရေ...။
ရွှေဖြစ်​၊​ငွေဖြစ်​နည်း​တွေ ထက်
ချစ်​သူဖြစ်​ခွင့်​နည်းလမ်း​လေးပဲ
အလွန်​အလိုရှိတယ်
ဒီလို​မွှေးရနံ့မှာ ​မေတ္တာဓာတ်​​တွေလှိုင်​​နေမယ်​ ။
ဆွတ်​ဖြူလင်းတဲ့ အနမ်း​တွေနဲ့တည်​​ဆောက်
စိတ်​ကူ ကိုယ်​တူ ဘာသာစကားမှာ
အပြုံးတိုင်း ​ရွှေသားအတိနဲ့
စိတ်​အာရုံတိုင်းပန်း​တွေပွင့်​​နေမယ်​။
မိုင်​​ပေါင်းများစွာ​ဝေးလွန်းတဲ့
ကိုယ်​စိတ်​​တွေ အလည်​သွားတဲ့မြို့အ​ရောက်
လေရိုင်းပြင်းပြင်း​တွေက
နားရင်းပိတ်​အုပ် .....။
ရှူသွင်းမိတဲ့​အောက်​ဆီဂျင်​ထဲ
ရင်​ခုန်​သံ ​မွေးကင်းစ​လေး ​သေဆုံးသွာပြီကွယ်​။

လင်းဆက်​ပိုင်
25.3.2015


Comments