ပျင်းဖို့​ကောင်းတဲ့ ​ဝေါဟာရ

ပျင်းဖို့​ကောင်းတဲ့ ​ဝေါဟာရ
__________________________

ချည်​​နှောင်​ထားခဲ့တဲ့ မြတ်​နိုးခြင်းရာသီ
မရှာ​ဖွေပဲ ​တွေ့ရှိခဲ့တဲ့ ....
ကိုယ်​မယုံကြည်​​သော အရာကို
လိုလိုချင်​ချင်​ ​ပွေ့​ထွေးရင်း ​ပျော်​ခဲ့တယ်​။

ဘာ့​ကြောင့်​မသိ
မသိစိတ်​ရဲ့ တပ်​လှန်​သံ​တွေကြားခဲ့ရ
အရင်​လို ကံ​ကောင်းခြင်​မရှိနိုင်​တာ သိသိနဲ့
ခဏ​လေး သာယာခြင်းမှာ မိန့်​​မောသူပါပဲ။

အတ္တကို ​မွှေးရနံ့သင်းချင်​တဲ့ ဆန္ဒနဲ့
ရူးသွပ်​မှု့ ​ခြေလှမ်း​တွေဆီ
အ​ရောက်​လှမ်းချင်​တဲ့ အာရုံလွှင့်​ထုတ်​မှု့ မှာ
ကျောသား ရင်​သား ခွဲခြားခံခဲ့ရတဲ့အသက်​ရှူမှု့​တွေထဲ
ဒါကို
ပွင့်​လင်းမှု့ရဲ့ ​တော်​လှဲသံလို တံဆိပ်​ခတ်​ကြ။

တခမ်းတနား အမြဲကျန်​ရစ်​သူပါပဲ
စကားလုံးတိုင်း အ​လေးအနက်​ ပြက်​ရယ်​ပြု ခံရ
ဆင်​​ခြေဆင်​လက်​ နဲ့ ကျနစွာစီထားတဲ့
အက္ခရာ​တွေ
အက်​ရာ​တွေနဲ ​ကြေကွဲမှု့ဟာ
ရှေး​ဟောင်းပစ္စည်းလို ​ဈေး​ကောင်းမရခဲ့ဘူး။

လောကကြီးကို အက်ဆေးတစ်ပုဒ်နဲ့
ကျဉ်းပြစ်လိုက်မှာလား
ဘာမှမရေးပဲ ဗလာပဲထားခဲ့တယ်
သုညနဲ့ ခိုင်းနှိုင်းဖို့ ငါက အဆင့်နိမ့်လွန်းတယ်
ဒါဟာ ​လျော့စရာမရှိ​တော့တဲ့ ငါ့တန်​ဖိုးပဲဖြစ်​တယ်​။

လင်းဆက်ပိုင်
16.3.2015


Comments