တာ့လျန်းက လာတဲ့ဖုန်း

|| တာ့လျန်က လာတဲ့ဖုန်း ||

တာ့လျန်က ဖုန်းလာတယ်။ ရည်းစားပောာင်းတစ်ယောက်တောင်
မပာုတ်ဘူး။ အရည်မရ အဖတ်မရ။ သူ့ရဲ့ဖုန်းနံပါတ်ပဲ ပေးသွားတယ်။ မိန်းမတစ်ယောက် လွန်ခဲ့တဲ့သုံးနှစ်က
လူကြိုက်များခဲ့တဲ့ မျက်နှာအမျိုးအစားတစ်ခုကို ငါ ပြန်တွေးမိတယ်။

သူမပာာ အိမ်ထောင်ကျစ။ ဆေးသစ်နံ့နဲ့ အိမ်ကလေး
ခံ့ညားတဲ့ပရိဘောဂတွေနဲ့ အတိအကျ လိုက်ဖက်လို့
(သူမကိုယ်တိုင်ရွေးချယ်ခဲ့တဲ့ ဖုန်းလည်းအပါအ၀င်)
စူးစမ်းလိုစိတ်သက်သက်နဲ့ (ကြောင်လေးတစ်ကောင်လို)
သူမယောက်ျားရဲ့ ပိုင်ဆိုင်မှုတွေနဲ့ လက်ဆော့ရင်း
ငါ့ နံပါတ်ကို ကောက်ဆက်မိတာလား

သူမရဲ့ ပြတင်းအပြင်ဘက်မှာ
တာ့လျန်ရဲ့ ရှေးပောာင်းလှိုင်းတွေတဖျပ်ဖျပ် ရိုက်ခတ်နေသလား
အဲဒီမှာ အဲဒီကျောက်တုံးကြီး ရှိသေးလား
သူ့ရုပ်ပုံပာာ စိတ်ဝင်စားစရာကောင်းပါတယ်လို့ အတင်းအကျပ်ထင်နေတဲ့ပာာ
အကယ်၍သာ နောင်နှစ်ပေါင်းများစွာမှာ
သိပ်လည်း မကြာလွန်းတဲ့ ကာလမှာ သူမ
ဖုန်းတစ်ခါ ထပ်ဆက်ရင် လူလတ်ပိုင်းအရွယ်လည်းရောက်ပြီဆိုတော့
ဘ၀အကြောင်း ကောင်းကောင်းသိရောပေါ့။ နှစ်သုံးဆယ်အကြာမှာ
လှိုင်းပုတ်သံပဲ ရှိတော့မယ် ငါ့ညာဘက် နားထဲမှာ
သူမရဲ့ ခက်ထန်မာကျောတဲ့ မသတ္တ၀ါအသက်ရှူသံ
ငါကြားတော့မှာတောင် မပာုတ်တော့ဘူး။

ပာန်တောင်

(A phone call from Dalian by Han Dong)
ဘာသာပြန်-ဇေယျာလင်း)


Comments