ကိုယ်လေ့ကျင့်တဲ့သင်္ခန်းစာဟာမရှင်းမလင်းပဲ
__________________________________
လွန်ခဲ့သောရက်အလွန်တုန်းက
စိတ်ကူးတစ်ခုမွေးမြူးခဲ့ပြီး
အိပ်မက်လို့ အမည်ပေးခဲ့တယ်
ခေါင်းဟာ နံရံကို စောင့်ဖို့တွေးခဲ့ခြင်းပဲဖြစ်တယ်
ဒီနံရံကို လမင်းလေးလို့ ကင်ပွန်းတပ်
အေးမြနေလိုက်ပုံကလည်း
တွေးခေါ်မှု့တိုင်းဟာ ၀တ်လစ်စလစ်ဖြစ်လို့ပေါ့
ကွပ်မျက်ဖို့အတွက် တောင်ဆွယ်တွေ
နေကွယ်ခိုင်းတာတွေလည်းရှိခဲ့ပေါ့
အရင်းအနှီး များသလောက် သူစိမ်းဆန်မှု့နဲ့
အနေဝေးတဲ့ ဘောင်ခတ်ထားတဲ့နာရီများ
ငါ့အပေါ်နားလည်ပေးနိုင်လွန်းသူက
ဝမ်းနည်းမှု့တွေဝတ်ဆင်ပေးခဲ့ပေါ့
ကြေကွဲရိပ်တွေသမ်းနေတဲ့ကြင်နာမှု့နဲ့
အတွင်းဒဏ်ရာကို ဖော်လမင်း စိမ်ထားခဲ့တယ်
တထည်တည်းအတူဝတ်ခဲ့တဲ့ အင်္ကျီလေး
ကိုယ့်ဘက်အခြမ်းဟာ မီးလောင်ပေါက်နဲ့နွမ်းနေပြီး
ဒါဟာ စိတ်ပြူတင်းပေါက်လို့တော့ မဆိုလိုဘူး
စိတ်ခံစားမှု့တွေဟာ ပုံပြင်တွေလိုနားထောင်မကောင်းဘူး
အသက်ရှူမှု့ထဲမှာ မျှော်လင့်ခြင်းမရှိတော့တဲ့အကြောင်း
သူမရဲ့ ဥပေက္ခာကို ငါ အခုမက်ဆေ့ပို့လိုက်တယ်
ဥပေက္ခာဟာ ငါ့ကိုပြန်မဆက်သွယ်တော့ဘူး
ဒါဟာ ကိုယ့်အတ္တကို လက်ဆော့ရင်းပျော်စရာမကောင်းပုံ တစ်ခုပါပဲ
ဒီဒဏ်ရာ ဆေးမတည့်တော့တာလား
တကယ့် ဆေးမရှိခြင်းလား
တစ်ခုခုမှားနေပြီ ဆိုရင်
ဆိုရင်း ဆို့နင့်ရင်းးး
ဆိုနေမယ့် သီချင်းကလေးက
လောင်မီးကျတဲ့ အင်ထရိုလေးနဲ့ လှပ
ကိုယ်တီးခတ်မယ့် အနန္ဒ သီချင်းပါလေ။
လင်းဆက်ပိုင်
26.3.2015
Posted via Blogaway
Comments
Post a Comment