လမ်းကြုံဝင်​လာတဲ့အိပ်​မက်

လမ်းကြုံဝင်လာတဲ့အိပ်မက်
__________________________

မြုပ်နှံခြင်းတွေ လျှံကျတဲ့ အနတ္တထဲ
ချစ်ကြည်ရေးခရီးအတွက် ငါလာခဲ့ပါပြီ....
စိုင်းနေတဲ့အတွေးတွေ ဘယ်ရောက်ရောက်.....။

လောကရဲ့ ကွေ့ကောက်ခြင်းတွေထဲ
ဒဏ္ဍာရီပုံပြင်တွေ နားထောင်ဖို့
ငါ့ဝိဉာဉ်ဟာ ငါနားမလည်းတဲ့
ဘာသာစကားကိုလက်ခံလို့
နှလုံးသားကစီးဆင်သမျှအမှန်တွေ ။

အက္ခရာ၂ ရေ...
အမှန်တကယ် လှပလွန်းတဲ့
အနာတရ အမာရွတ်လေး
အမြတ်တနိုးတက်တူးထိုးလို့
အဓိပ္ပါယ် ကြည်နူးစွာဖွင့်ရင်း ။

ခန္ဓာကိုယ်ရဲ့ သွေးဆဲတွေထဲက
ကိုယ့်သမိုင်း
ကိုယ့်ယဉ်ကျေးမှု့
နောက်
ကိုယ့် ဈာပန နဲ့
ကိုယ့် သင်္ခါရ နဲ့ ။

လူတကာထက် ပိုပိုသာသာ
အသက်ပေးဖို့
မင်းရဲ့ ယုံတမ်းစကားတွေထဲ
ငါလာခဲ့ပါပြီ....
ခြေရာတွေအိပ်မောကျချိန်အထိ ။

ဝန်ခံခြင်းမဟုတ်တဲ့တိတ်ဆိတ်ခြင်းနဲ့
မေးခွန်းတွေမှာ မေးခွန်းတွေပဲရှိနေတယ်
မိုးကုတ်စက်ဝိုင်းနဲ့ဆက်သွယ်ဖို့
သက်တန့် ဟာ ခါးကိုကွေးညွှတ်ပေးရ။

မင်းပရင့်ထုတ်ထားတဲ့
ငါ့ဓာတ်ပုံလေး အရင်လိုပဲ  အသံမထွက်တော့ပါဘူး
သေခြင်းမှာ နှင်းဆီတွေတဝေေ၀ဆာ။

သူမခြေတော်ရင်းမှာ လဲလျောင်း
ဘယ်အချိန်ကတည်းကလဲ
ငါမသိဘူး
အနှစ်သာရပြည့်ဝအောင်သနားစဖွယ်
ကိုယ့်မြေသင်းရနံ့တို့ဖြင့်
ညံ့သက်စွာဆွဲဆောင်ခြင်းဟာ
အရောင်မလက်တော့ပြီ လား။

ညကိုဖွင့်လှစ်လိုက်ပါတယ်
တစ်ကြောင်းတည်း
ညီညွှတ်လှပခြင်းတွေနဲ့
ရင်ခုန်ခြင်းတွေ မြူးကြွ လှပတဲ့သီချင်းတွေနဲ့....
(မှားတယ်ဆိုပါတော့)

အရမ်းဝေးကွာလွန်းတဲ့ အရပ်မှာ မျက်စိလည် လမ်းမှားခဲ့တဲ့ည
အိပ်မက်လား တကယ်လား မသိရပါပဲ....
(တခါတလေ သိဖို့မလိုအပ်ဘူး)။

အပြင်မှာ တကယ်ရှိနေလား
ဒီမြို့လေးကိုသွားဖို့ ယုံကြည်မှု့တွေကျောပိုးအိတ်ထဲထည့်လို့
သြဂတ်လမှာ န၀င်းကိုက် ဂဏာန်းနဲ့
ခရီးထွက်ခဲ့တာ နှောင်းး။

ကျွန်တော်တို့ရဲ့ပေါင်းခြင်းက ပညက် ပေါ့
အဆင်မပြေတဲ့ ဂဏာန်းပေါင်းစက်နဲ့
ပေါင်းရင်း အကြွင်းကို စားသုံးဖို့
ရဲ့ရင့်ခြင်းတွေ ဖွင့်လှစ်လိုက်တယ် ။

စိတ်ပြူ တင်းတံခါးကိုဖွင့် ....
နေခြည်နဲ့ စိတ်ကိုသန့်စင်လိုက်တယ်
ရိုးတံကျဲ ကျဲ ရဲရဲနီနေတဲ့ သစ်ပင်က
နေလုံးကြီးကို ပမာမခန့်ကြည့်တယ်
ဘာလို့ အပူကို အလင်းဟန်ဆောင်တာလဲ...။

လေအဝေ့ တသောသောကြွေတဲ့
ရွက်ကြွေတွေထဲမှာ အလွမ်းတွေတွေ့လိုက်တာ
သင်္ခါရ မဆန်လိုက်တာ
ဝမ်းနည်းငေးရီမှု့ကို   အလေးပြုနေပေါ့
တိမ်တွေမသာမယာနဲ့ နေ့စွဲပါပဲ။

ဒါ
....
....
..
ဟာ ။

နွေကို ပိုပြီးလှပအောင်
မဆွဲဆောင်နိုင်ပါဘူး
ကိုယ့်စိတ်ဟာ လောင်စာ 
အပူ အလင်း
ခံနိုင်ရည် တအိအိပြို ကျလာ
ခုံပြာတန်းလေး ထနောင်းရိပ်မှာ
အထီးတည်း ။

ပဝေသဏီမှာကျန်ခဲ့တဲ့
အနုဿယပန်းပွင့်တွေ
ငါနဲ့ ငါ့စိတ်ပဲသိတော့တဲ့
ဇာတ်လမ်းလေး
သိမ်းဆည်းထားတဲ့
အလင်းရောင်ကို ၀ှက်ထားရတုန်း။

နံနက်ခင်းတွေခြင်း
ကွာခြားတဲ့ နိုးထမှု့နဲ့
မျက်နှာသစ်တယ်
စိတ်က မသစ်တော့ဘူး
ကော်ဖီတွေဟာ ပိုခါးတယ်။

လမ်းနဲ့ ခြေထောက်ဟာ
သဟဇာတ မကျတော့ပြီပဲ
အရိပ်မရှိတဲ့ မွန်းတည့်နေဟာ
ပိုပူတယ်
ကိုယ့်ရဲ့ ထီးကလေးကို လွမ်းတယ်။

တမိုးအောက်ဆိုပေမယ့်
လူခြင်းတူ လမ်းခြင်းတူ
ကံကြမ္မာတူဖို့
တွေဝေစွာ မျှားနေမိတဲ့
နွေဦးပေါက်ရာသီ
မျှော်လင့်ခြင်းဟာ
အကြွေစောလွန်းတယ်။

လင်းဆက်ပိုင်

5.3.2015


Comments