အိပ်ရေးဝဖို့ပဲ အရေးကြီးတယ်
____________________________
A4စာရွက်ပေါ်က သွေးစတွေဟာ
ကဗျာလို့ မအော်ဘူး ဝေဒနာလို့ မထင်ဘူး
ခံစားမှု့တွေ ခြစ်ရာတွေ အမြင်အယူအဆတွေ ပါပဲ
ဘာဖြစ်သလဲဆို ပြောပြလို့မရဘူး
ရင်ဘတ်ဟာ စစ်မြေပြင်လို လား
ဘာမှမလိုချင်ဘူးဆိုတာညာတာပဲ
မရလို့စွန့်လွှတ်ရတာကိုးးး
ခွင့်လွတ်သလိုလိုကျိန်စာတိုက်နေပုံများးး
အပိုတွေပြောကြတာပေါ့ အထီးကျန်ချိန်ခဏမှာ
ဘာတွေ ဘာ ဘာကြောင့်လဲ အာသာဖြေကြ
ဝတ်မှုံကူးပြီး ပန်းတွေမပွင့်ခိုင်ပြန်တော့
ဒါဟာ လိပ်ပြာမရိုးသားဘူး
အတ္တတွေ ဓာတ်ခွဲခန်းပို့လိုက်တော့
အနွမ်းပါးဆုံး ကရုဏာတော်တွေ
ရရစားစားတွေ
ဒီလိုပါလဲ လူဆိုတာ လူပါပဲကွယ့်
မိတ်ဆွေ အမှန်တရားဆိုတာ ရွာအပြင်ဘက်မှာနေ
ဂလိုဘယ်ပြုထားတဲ့ .......
ခွေးဟောင်တိုင်းထမကြည့်ဖြစ်တာကြာပြီကွယ်။
လင်းဆက်ပိုင်
24.3.2015
Comments
Post a Comment