ဖီး​ကွေး​နေတဲ့ဓာတ်​တိုင်

ဖီး​ကွေး​နေတဲ့ဓာတ်​တိုင်
______________________
လင်းဆက်​ပိုင်

ယိုင်​ကျ​နေတဲ့အလင်းကို
ရစ်​ယူလိုက်​တယ်​ ရစ်​ဘီးပြည့်​တဲ့အထိ
ဒါဟာ ငါးမျှာကြိုးဖြစ်​တယ်
၁ကနေဆပွား တိုးသွားလိုက်တာ
နောက်ဆုံတော့လည်း
နတ္ထိပဲမို့လား
အပြာရောင်လို့ ပြောကြတယ်
တကယ်သတိမရဘူး ဆိုးလိုက်​​တာ
ဒီလို
ကိုယ့်ဘ၀ကို အစာတပ်ပြီး
ပြန်မျှားရတာ ပျော်ရွှင်စရာပါပဲ
ဒါအပြင်း​ပြေ ကစားနည်းတစ်​မျိုး​ပေါ့
မှိုးတက်​​နေတဲ့ဘ၀ကို အစာတပ်​ထားတာ
ဘယ်​သူမှ လာမဟပ်​​တော့ဘူး
ငါး​တွေ ခရီးထွက်​သွားပြီလား
လူ​ပေါ်လူ​ဇော်​လုပ်​နည်းဖတ်​လိုက်​တယ်
ဟာသစာအုပ်​​လောက်​ ရယ်​စရာမ​ကောင်းဘူး
တ၀ီဝီ ဖြတ်​သန်း​နေတဲ့ခြင်​​တွေက
သွေးဆာ​နေတာ
ပလက်​​ဖောင်း​ပေါ်က​ခြေရာ​တွေကသက်​​သေ​ပေါ့
ညနက်​​လေ ၀ပ်​အားနည်း​လေ
အ​မှောင်​ကအလင်းကိုစုပ်​ယူ​နေ​ပေါ့
ဖီးတက်​​နေတာများ ​ကွေး​ကောက်​​နေတာပဲ
ရိုးသားခြင်းဟာ အစွမ်မထက်​တဲ့​ဆေးပါပဲ
သံသရာကိုမယုံ​တော့လို့ ဘုရားသခင်း နဲ့
ငြင်းခုန်​​နေကြတာ သန်း​ခေါင်​​ကျော်​သွားပြီ။

8.3.2015


Comments