ပြန်ကောက်တွေတဲ့ စာမျက်နှာအဟောင်း
__________________________________
ညနေရီ တံခါးအပိတ်က ခံစားဖို့ အဓိပ္ပာယ်မရှိဘူး
ရှည်မျောမျော အရိပ်တွေက ဘာနာမ်စားလဲ
လျှို့ဝှက်ထားတဲ့အကြောင်းအရာတွေ
တီးတိုးလေးအမောဖောက်နေသလား
မှတ်စုထဲက အကြောင်းအရာနဲ့ ခပ်ထေ့ထေ့တူနေသလို
ငါထွက်ကျခဲ့တဲ့ စာမျက်နှာတွေလား
အရေးအသားတွေ နားမလည်နိုင်အောင်
ဘာသာဗေဒအသစ်နဲ့ရေးသားထားသလို
မြင်ကွင်းတိုင်း Zoom ချဲ့လို့မရဘူး
ကိုယ့်အမြင်တွေ ဝေေ၀၀ါးဝါးပဲ
ရှင်သန်မှု့တွေသေဆုံးနေတဲ့ စာမျက်နှာက
ဝမ်းနည်ကြေကွဲစရာမကောင်းတော့ဘူး
အရမ်းချစ်တာပဲ ဆိုတဲ့ စာကြောင်းကို
သူမ ကြိုက်လို့ မင်နီတားခဲ့...
စိတ်ပျက်စရာမကောင်းဘူး ထွီးးး
ထွေးလိုက်တိုင် အနီရောင်ပဲထွက်ကျလာတယ်
ဒါ ပုံစံခွက်ဖြစ်မှာပါပဲ
လူ့အခွင့်အရေးအရ ဆိုတာချစ်သူတွေကြားမှာ ကတိဖျက်ဖို့အရေးတော့ပါသား
ယဉ်ကျေးမှု ကို အပြင်းပြေကစားလို့ရလား
ရှေးရိုးလှေကြီးကို ရိုးရိုးပဲထိုးခဲ့ပါ
ဝမ်းနည်းခြင်းတွေ နေ၀င်သွားပါပြီ
ဒီညတော့ ကျန်းမာရေချူချာနေမှာပဲ
ဆေးဖြစ်ဝါးဖြစ် ၀ီစကီသောက်လိုက်မယ်။
လင်းဆက်ပိုင်
23.3.2015
Comments
Post a Comment