မကြာခင်ဆို ပြက္ခဒိန် အသစ်လာတော့မယ်
ပိတောက်တွေပွင့်ရင် မင်းခေါင်းမှာပန်ပေးချင်တဲ့စိတ်ကူး ယဉ်မိပေါ့ကွယ်
အချိန်၃မိနစ်လောက်ပေးပါလား
ကိုယ်စိတ်ထဲကစကား မကြားနိုင်တာသိတော့သိပါတယ်ကွာ
နွေကပိုပူတာမဟုတ်ပါဘူးလေ
ကိုယ်ကသာ မအေးချမ်းနိုင်တာပါကလေးရယ်
ပြန်မလာနိုင်တော့ပြီလား ခဏလေး
ဘာဖြစ်ဖြစ်ခဏလေး လူဖြစ်ချိန်မှာ
ကံနိမ့်လွန်းပါတယ်
မြတ်နိုးခြင်းတိုင်းဟာ ကိုယ်နဲ့ မထိုက်တန်းခြင်းကြောင့်လား
အမြဲတမ်း ဆုံးရတယ်
စိတ်တွေ သင်္ကြန်ရေနဲ့ ဆေးလိုက်ချင်တယ်
သပြေခက်လေးနဲ့ မင်း စိုရုံ ဖြန်ပေးနိုင်မလား
ဘာလိုတောင်းတမိလဲ ကိုယ်မသိဘူး
ကိုယ်မှာ ရဲရဲတောင်းဆိုခွင့်မှ မရှိပါပဲ
ရူးမိတယ်ဆိုဆိုပေါ့ ကွယ်
မရနိုင်တာသိနေပေမယ်လည်း ....
ဒီလိုပါပဲ ဆန္ဒတိုင်းဟာ ဆန္ဒပါပဲ
ဒါထက်ပိုပြီးအရောဝင်လည်း နာကျင်ခြင်းကို
ပျော်သလို ဟန်ဆောင်ရဦးမယ်
စိတ်တွေလေတာ နွေကြောင့်လား လူကြောင့်လား
ဥသြမပါတဲ့ နွေက လွမ်းမောဖွယ်မကောင်းသလိုပဲ
ကိုယ်ဘ၀ထဲမင်းမပါတဲ့အခါ အလွမ်းဆိုတာ တစ်ဖက်သက်အစွန်းရောက်နေရသလို
ပေါ့
ဖြည်ဆည်စရာဆိုလို့ ဘာမှမရှိတော့ပေမယ်
ကိုယ့်သွေဆဲလ်တွေထဲ ပုံရိပ်တွေစီးဆင်းနေတာ ရပ်တန့်လို့မရ
ခက်တာတော့မဟုတ်ဘူး မလွယ်တဲ့နေ့တွေဟာ အပူ အအေးမမျှဘူးဆိုပါတော့ကွယ်။
လာမလားရယ်လို့ စောင့်ခဲ့တဲ့အချိန်တွေတိုင်း ကိုယ်ချင်းစာတရားနဲ့
မင်းရော အဆင်ပြေပါ့မလား နေမကောင်းလို့လား
လား တွေများစွာနဲ့ အလွမ်းဟာ အလွမ်းထက်ပိုနေတော့တာပဲ
ကံကို ရိုစွပ်ရမလား ဘ၀ဟာ
ဘာမှမရှိတဲ့ ကိုယ်က အကြင်တွေ ခဏလေး
ထုံးစံအတိုင်းပါပဲ မပြည့်ပါဘူး
ကိုယ်တို့တွေ နီးလာခြင်းလား ဝေးသွားခြင်းလား အဓိပ္ပါယ်မလေးနက်တော့ဘူးတမ်းတတဲ့အခါတိုင်းလည်းကိုယ်မသိဘူး
အဖြေဟာ မင်းအပေါ်မှာ အမှန်အမှားဟာ မင်းပေါ်မှာ.....
အကယ်၍မင်းလက်ရှိပုံစံနဲ့ပျော်ရွှင်နေတယ်ဆိုရင်
ကိုယ်သာအမှားကျူးလွန်းသူပဲဖြစ်မယ် ဘာဖြစ်ဖြစ် မင်းခေါင်းမှာ ပိတောက်တစ်ခက်ရယ် အိပ်မက်တစ်ဆင်စာရယ် ကိုယ်ပေးစရာ အဆင်သင့်ရှိနေပါတယ် ကလေးရေ။
24.3.2015
လင်းဆက်ပိုင်
နေပြည်တော် ၊ပျဉ်းမနား ။
Posted via Blogaway
Comments
Post a Comment