အမှန် အမှာ မသိခြင်းနဲ့ လင်းဆက်ပိုင်
\လင်းဆက်ပိုင် \
နေကမျက်နှာကိုထိုးတော့ ထလိုက်တယ်။ဒါကိုဘာလို့ နေဖင်ထိုးမှထတယ်လို့ပြောတာလဲ။ အိပ်ယာရှေ့က စားပွဲပေါ်မှာ ဖုန်းတစ်လုံးရှိတယ်။ယူတယ် ဖွင့်ကြည့်ရကောင်းနိုးနိုးနဲ့။ ပြန်ချထားလိုက်တယ်။
အနည်ငယ်စဉ်းစားတယ်။ ဘာမှမသိဘူး။ဖုန်းကို ပြန်ကောင်ယူတယ်။ဘယ်သူ့ဖုန်းလဲ ။ဖွင့်လိုက်တယ် Wallpapetပုံ ကောင်မလေးကချစ်စရာလေး ။မျက်လုံးပြူးတယ် နှုတ်ခမ်းမှာ မှဲ့ ပါတယ်။ ဒီအပြုံးက အေးချမ်းမှု့ဖြစ်စေတယ် ။ဘာကြောင့်လဲ။ ဟိုပွတ် ဒီပွတ်လုပ်တယ်။ fပုံလေးကိုနိပ်တယ်။ အင်တာနက်ဖွင့်ပါဆိုတဲ့ စာပေါ်လာတယ်။ လက်က အထက်အောက်မြားလေးကို နှိပ်လိုက်တယ်။ ကဗျာတွေ ၊သတင်းတွေပေါ်လာတယ်။ ကမ္ဘာလုံးပုံလေးမှာ ၂၅တဲ့ အနီရောင်စာလေးပေါ်လာတယ်။ သတင်းတွေအောက်မှာ ဆဲနည်းမျိုးစုံတွေ့ရတယ်။ f ဟာ အဆဲသင်တန်းပို့ချချက်တွေလား။စဉ်းစားတယ် ဘာမှမသိဘူး ။ခေါင်းထဲမှာ ဗလာတွေပဲ ရှိတယ်။ သတင်းစာတစ်စောင် ဘယ်သူပြစ်လိုက်လဲမသိ အိပ်ထဲရောက်လာတယ်။ မျက်နှာသစ်တယ်။ စူပါကော်ဖီမစ်နဲ့ ဆေးပေါ့လိပ့်နဲ့
သတင်းစာနဲ့ နှပ်တယ်။ ဘာတဲ့ တိုင်းပြည်က သာယာဝပြောလှချေပါတကား။ လျှပ်စစ် အလုံးအလောက် ရှိယုံမက ပိုလျှံ၍ နိုင်ငံခြားသို့ရောင်း၊ သဘာဝဓာတ်ငွေ့ရောင်း၊ဘာပို ညာပို နိုင်ငံခြားသို့ ရောင်း ဒေါ်လာရသည်ဆိုပဲ။ဘာတံတာဖွင့်ပွဲ၊ဘာစာကြည့်တိုက်ဖွင့်ပွဲများနိုင်ငံတော့သမ္မတကြီး ၀ှက်ဖဲများဖွင့်လှစ်ကြောင်း။ သတင်စာကိုခေါက်ပြီး ပြန်ချလိုက်တယ်။ဖုန်းကိုဖွင့်တယ်။Galleryနှိပ်လိုက်တယ်။Wallpaperတင်ထားတဲ့ပုံ ပြုံးနေတဲ့ကောင်မလေးပုံတွေအများကြီးပဲ။ပုံစံ အစုံ အ၀တ်အစားမျိုးစုံနဲ့ပေါ့။ တူတာတစ်ခုက အားလုံးအပြုံးက တပုံစံထဲပဲ။ ပြန်ထွက်လိုက်တယ်။f ကိုပြန်နှိပ်တယ်။
စာရေးလိုက်တယ် ပြီးးးအောက်မှာ Dateထည့်တယ်။လင်းဆက်ပိုင်လို့ရေးလိုက်တယ်။
......
...
..
ဒါဆို ကျနော်က လင်းဆက်ပိုင်လား
ပရိုဖိုင်းပုံက ကျွန်တော်နဲ့ တူနေတယ်။
ဒါဆို ဂယ်လာရီထဲက အပြုံးမလေးကဘယ်သူလဲ။
သတင်းစာထဲက အကြောင်းအရာတွေကရော ဘာတွေလဲ ။ မသိဘူး။ဘယ်လိုမှစဉ်းစားလို့မရဘူး။
ကဲ ဒါဆို လင်းဆက်ပိုင်က ကျွန်တော်ဆိုတာ အမှန်ဖြစ်ပြီး ၊သတင်းစာထဲကအကြောင်းအရာနဲ့ Galleryထဲက အပြုံးတွေက အမှန်မဟုတ်ဘူးပေါ့။ ဒါလည်းကျနော်မသိဘူးလေ။
Posted via Blogaway
Comments
Post a Comment