ကိုယ့်​အ​တွေဟာ ကိုယ့်​ကိုစား​သောက်​တယ်

ကိုယ့်အတွေးဟာ ကိုယ့်ကိုစားသောက်တယ်
______________________________________

တကယ်တော့ကျနော်ဟာ
စကားပြေနဲ့ပေါင်းသင်းနေထိုင်သူတစ်ယောက်ပါ
စကားပြေထဲမှာ ဘာတွေရှိနေသလဲ
သတိရစိတ်ဟာ အလွမ်းနဲ့ပဲဓာတ်ပြုတယ်
လိုင်စင်မဲ့တဲ့ ကိုယ့်စကားလုံးတွေအဖတ်တင်တယ်
နမော်နမဲ့ လိင်နည်းမျိုးစုံအခွန်ဆောင်ပြီး
ရင့်မှည့်နေတဲ့ အိပ်မက်ကို ငါ ၀ီစီကီနဲ့မြည်းတယ်
ခဏခဏပေါ်လာတက်တဲ့ မင်းမျက်နှာကြီးကိုမုန်းတယ်
ဒါကို ပြန်ပွေ့ဖက်ရင်း တငိုငိုတရီရီ နဲ့ ကြပ်မပြည့်တော့တဲ့ကောင်လို
စက္ကန့်တိုင်းဟာမကောင်းဆိုးဝါး လမ်လျှောက်သံပဲ
အသဲကွဲ သီချင်းနဲ့ အကုသိုလ်တေးတွေ ငါဆိုတယ်
ကို့ယို့ကားယားခုန်ဆင်းလာတဲ့ မျက်ရည်တွေတိုင်းဟာ
နာကြည်းမှု့ကို ကိုယ်စားပြုနေတာလား ဒါငါ့ကိုယ်တွင်းကထွက်လာတဲ့ လျှော်ရည်တွေပဲ
အချစ်ဟာ နူးညံ့ခြင်းဆိုပြီး
ကျိန်စာတိုက်ခဲ့တဲ့ အောက်တိုဘာညကို မလွမ်းသင့်တော့ဘူးပေါ့
လေလှိုင်းထဲမှာ ယိမ်းထိုးတဲ့ မုသားဝါဒတွေနဲ့
အသက်ပေးယုံကြည်ထားတဲ့လမ်းမှာ
အချစ်ဆိုတာ လူတိုင်းပြောတက်တဲ့စကားတစ်ခွန်းထက်မပိုပါဘူးကွာ
လွမ်းတာ လွမ်းတယ်ပြောခွင့်မရတဲ့
ချစ်သူပါလို့ ပြစရာမရှိတဲ့ ကိုယ်ကမှောင်ခိုကောင်ပါပဲ
နောက်ပြီး ကိုယ်ပဲ လူ့အခွင့်အရေးဆုံးရှုံးရတာပဲ
ရေမီးအစုံ မြေကြီးတုန်လို့ရတဲ့ခေတ်ထဲမှာ
အချစ်ကို ရူးသွပ်တာ ရူးပြီးသွပ်သွပ်ခါနေလို့ပါ
ဆီ၊ဆား အစုံ ဖြည်စားရုံ ဆန္ဒရှိရင်းလည်း
ရယ်ဒီမိတ်တွေရဲ့ အမြောင်လုပ်ပေါ့ အချစ်ရာ...
ဒါဟာ ခေတ်မှီတဲ့ ခေတ်ပေါ်စတိုင်တစ်ခုပေါ့
ဘုရားစူး မိုးကြိုပစ် မင်းကိုချစ်နေတာလေးတော့ ယုံပေးပေါ့ကွာ
တကယ်တော့ အချစ်ဆိုတာ မသတီစရာ ဆက်ဆံခြင်းတစ်ခုပေါ့
အနာဂတ်ဆိုတာ နောက်ကျောကိုထိုးတဲ့ဓားတစ်လက်လောက်တန်းဖိုးမှမရှိတာ
ဦးဏှောက် နဲ့ အသဲနှလုံးကန်းနေသူအတွက်
ကိုယ်ရေးတဲ့ ကဗျာတိုင်းသွေးပြက်စေခဲ့ပြီလေ အချစ်။

လင်းဆက်ပိုင်
23.3.2015


Comments