စိတ်​​ဝေနာရှင်

စိတ်​​ဝေဒနာရှင်

ရေးသူ -လင်းဆက်​ပိုင်

ငါ့ ဦး​ဏှောက်​ကြီးကို
တ​ဒေါက်​​ဒေါက်​​ခေါက်​​နေ တဲ့
ငါ့အတ္တ​တွေ မဆိတ်​သုန်းသ​ရွေ့
ငါ့ စွဲလမ်းခြင်း​တွေ မျိုးမတုန်းသ​ရွေ့
ငါ အရှင်​လတ်​လတ်​ရှိ​နေသ​ရွေ့
ငါ့​တွေး​တောမှု့ချဉ်​ချင်းတ​နေသ​​ရွေ့
သူ့​မေတ္တာတရားကို ဆာ​လောင်​​နေသ​ရွေ့
ပညတ်​​တွေရှိ​နေသ​ရွေ့
နာမ်​​တွေရှိ​နေသ​ရွေ့
မွတ်​သိပ်​မှု့​တွေပြည့်​ကြပ်​​နေတဲ့အခန်းထဲမှာ ရှိ​နေသ​ရွေ့
ဉာဉ့်​နက်​​တွေ ငါ့ကို ဘီလူးစီး​နေသ​ရွေ့
စည်းခြားထားတဲ့ လုံခြုံ​ရေးစနစ်​​တွေရှိ​နေသ​ရွေ့
အာရုံဦးအလင်း​တွေ ငါ ဆာ​နေသ​ရွေ့။

14.3.2015


Comments