ရင့်​မှည့်​တိုင်းရင်​ပြည့်​​အောင်​ချိုတယ်

ရင့်​မှည့်​တိုင်းရင်​ပြည့်​​အောင်​ချိုတယ်
_________________________________

ဘယ်​​နေ့ကလဲမမှတ်​မိ​တော့တဲ့​နေ့က
ကိုယ်​ဟာ နျူရိုဆစ်​လို့ ကင်းပွန်းတပ်​ခဲ့တယ်
ပျော်​ရွှင်​ခြင်းဆိုတာ....
မှန်​ထဲကိုကြည့်​ ပြုံးပြတိုင်း ​ပျော်​စရာလား
သေချာတယ်​အဲ့ဒီ​နေ့ဟာ နျူရိုးဆစ်ဖြစ်​​ကောင်းဖြစ်​လိမ့်​မယ်
စနစ်​တကျတည်​​ဆောက်​ထားတဲ့ အသံ
ရင်​ဘတ်​ကိုစိုက်​၀င်​ခဲ့တဲ့​နေကို happy dayလို့
သူမကို ​ပြောခဲ့မိမယ်​ ထင်​တာပဲ
ဒါဟာ နာတာရှည်​ ဖြစ်​နိုင်​တဲ့ ဘက်​တီးရီးယားလို့
ထင်​စရာလား
ဆေးမရှိတဲ့​ရောဂါ
စတိုင်ကိုက​​အလို​လို ၀မ်းနည်းခြင်း​တွေလားပဲ
ရယ်​သံ သဲ့သဲ့ကြားတိုင်း အသဲဟာထုံထိုင်းတယ်
ကိုယ်​ရဲ့ ဆိုက်​ကိုဆစ်​ လို့ပဲ ထားလိုက်​ပါ​တော့
ခေါင်းအုံးကို ပါးအပ်​ပြီးငိုတဲ့ညများဟာ
ရင်​ဘတ်​မီး​လောင်းခြင်းနဲ့ မပါတ်​သတ်​ဘူးလို့
ငြင်းကွယ်​ခဲ့တာ​ပေါ့
ဘယ်​သူသိမှာလဲ ​မေတ္တာတရားဟာကံဆိုး​လောင်​မီးကျခဲ့တာ
အတွင်း​ရော အပြင်​​ရော ဒဏ်​ရာ​တွေ
မိတ်​ကပ်​လိမ်း ရင်း လှပလိုက်​တယ်
လောကကြီးသိပ်​လှပတဲ့​နေ့ကို​တော့
ဆိုက်​ကိုဆစ်​နဲ့ နျူရိုးဆစ်​​ပေါင်းစပ်​လိုက်​တဲ့ ​နေ့​ပေါ့....
အိုးးး​အ​တွေးများ မှိတ်​တုတ်​မိတ်​တုတ်​​ရှေခ့်​ရိုက်​ကုန်​တာပဲ
ကမ္ဘာကြီးက၀မ်းနည်းခြင်းအဖြစ်
တ​လောကလုံး​မှောင်​မဲ​အောင်​ လ ကွယ်​​​ပေးလိုက်​တယ်​။

25.3.2015


Comments