သမိုင်း

သမိုင်း
_________

စိတ်​ကို ပိတ်​ဆို့ထားရတဲ့အခါ
တွန်းကန်​အား​တွေကို ​ချော့​မော့ရတာ
ဘာနဲ့မှမတူ​အောင်​ ပင်​ပန်းတယ်​။

အ​တွေးအမြင်​​တွေလွတ်​လပ်​ခွင့်မရှိရဘူးလား
ရိုးသားစွာ ​ပြောပါရ​စေ
သူများ သီအိုရီ​တွေနဲ့ အသက်​မရှင်​ချင်​ဘူး။

တိတ်​ဆိတ်​ခြင်းမှာ ​လေးနက်​တဲ့
ရေကြည်​ရာမြတ်​နုရာ​တွေ မရှိနိုင်​ဘူးလား
ခံစားချက်​အတိုအထွား​လေးဆို​ပေမယ့်
လက်​လီလက်​ကား ငါမ​ရောင်းနိုင်​ဘူး။

ကိုယ်​ချင်​စာတရားအတွက်
သမာဓိရှိစရာမလိုပါဘူး
မူလအ​သွေးအသာနဲ့
တစ်​ပွဲထိုးအဘဓိမ္မာ​တွေ သွားစမ်းပါ
ဘ၀ဆို အသိမ့်​​မွေ့ဆုံး အနုပညာပါပဲ.....။

လင်းဆက်​ပိုင်
18.3.2015


Comments