ချစ်သူလို့ အတင်းပေးမိတဲ့ သေင်္ကတလေး
________________________________
သတိရခြင်းမှာ နောင်တမပါဘူး ကလေးရေ
ရောဂါတစ်ခု အစပြုတဲ့နေ့ ဟာ ကိုးဂဏန်းကျတယ်
န၀င်းကိုက်ရူးပါရစေ
ရူးတာကိုက ကိုယ့်ရှင်သန်မှု့လေး
နေ့စဉ်သုံး အက္ခရာလေးတွေမပါပဲ
ခါတော်မှီ တ၀က်တပျက်ဖွင့်
ပြောမထွက်တဲ့ စကားကို ဇာတ်လမ်းဆင်
ကိုယ့်ရင်ခွင်ကို ရေခပ်မဆင်းတော့ဘူးလား
အမှန်တရားဆိုတာ....
ဦးခေါင်းထဲမှာ ပုန်းအောင်းတက်တာပါကလေးရေ
ချစ်ခြင်းမေတ္တာဟာလဲ နှလုံးသားထဲမှာ
ပုန်းကွယ်တက်တာပါ ကလေးရေ
ရဲရင့်ခြင်းဟာလည်း ကိုယ်တို့အတွက်
မျက်ရည်တွေနဲ့ ထွန်းညှိနေရခြင်း
လင်းတမဲ့မဲ့ နဲ့
စိတ်ကူတွေ ဖြူစင်စွာ တူညီခဲ့ပြီးမှတော့
မူကွဲတွေနဲ့ လူချင်းမလွဲချင်တဲ့ ဆန္ဒက
ရှင်သန်ခြင်းကို မြေမြုပ်သင်္ဂြိုလ်ရတော့မလား
ယုံကြည်မှု့ဟာ အဆီတ၀င်းဝင်းသဲတလှပ်လှပ် နဲ့
ခလုတ်မနိပ်ပဲ အချိန်မှန်မည်တဲ့အသံကို
အညှာလွယ်တယ် စွပ်စွဲရမလားကွယ့်
အနက်ရောင်တွေ ကိုယ်ဝတ်ထားပေမယ့်
စံပယ်တွေတော့ ပွင့်ချင်သေးပေါ့
လိပ်ပြာဝှက်တမ်းကစားနည်းမှာ
ကိုယ်သာချောင်းမြောင်းရင်း
နာရီပျက်တစ်လုံးကို သနပ်ခါးလိမ်းပေးလိုက်ရင်းးးလေ။
လင်းဆက်ပိုင်
17.3.2015
Comments
Post a Comment