နာရီမမှန်တဲ့လိပ်စာ
___________________
အမှတ်၃၃စုဘူးထဲက စက္ကန့်အေးစက်စက်များ
အိုးပိုင် အိမ်ပိုင် မရှိပေမယ့်
ဆူးများတဲ့ ခံစားချက်တွေပိုင်တယ်
မာကျောကျောအရေပြားမှာ
ပွန်ရှရာတွေဟာ လောကဓံပွင့်ဖတ်တွေလို့
မော်ကြွားရင်း အိပ်မက်တွေကို အရည်မလဲချင်တော့သူပါ
ဘ၀ဆိုတဲ့ မေးခွန်းဟာ လေးလံလွန်းတယ်
ပင်လယ်ထဲမှာ သံလိုက်အိပ်မြောင်မပါတဲ့ သင်္ဘောလို
ဆင်ကန်းကြီးသွားတိုင်း လမ်းမဖြစ် မဖြစ်ဘူး
ကိုယ်တွေးခေါ်ဖူးတဲ့မြိုးကိုရောက်ဖို့
ဘ၀င်မြင့်တဲ့ကြယ်လေးရေ အမိန့်လာပေးပါ
ခဏခဏ၀ှက်ထားရတဲ့ မျှော်လင့်ခြင်း
သင်တုန်းဓားပေါ်မှာ လိပ်စာမမှာချင်တော့ဘူး။
လင်းဆက်ပိုင်
27.3.2015
Comments
Post a Comment