HAPPY
________
ကဗျာထဲက happy ဘယ်သူယူသွားသလဲ
happyရေ ဘယ်ရောက်နေလဲ
အဖြူရောင် happyတွေ မရှိတော့ဘူး
ပန်းရောင် happy လဲ မရှိတော့ဘူး
အောက်ဆီဂျင်ထဲမှာရော happy ရှိသေးလား
happyဆိုတာ သူစိမ်းသူလား
ရင်းနှီးခွင့်ရဖို့ကြိုးစားချင်းတယ်happyရေ...
happyဟာ ပင်လယ်ဓားပြလား
happyဟာဘာတွေလိုအပ်နေတာလဲ
ဂနာမငြိမ်တဲ့အတွေးထဲမှာ happyရှိနေလား
ယောက်ယက်ခတ်မှု့ကြောင့်happyဟာအကျဉ်းကျနေတာလား
ပြန်လာခဲ့ပါတော့happyရေ....
ဘာမှမယူချင်တော့ပါဘူးရယ်
happyပျော်နေတာလေကို ကြည့်ချင်ရုံပါကွာ
ပေါ့ပေါ့ပါးပါးနေပါhappy
happyကိုမမြင်ရတော့ ၀မ်းနည်းမိတယ်
happyရေးတိတ်တိတ်လေးချောင်းကြည့်နေတာလား
happyရေနောက်ကျောကို အဆိပ်ခတ်မလို့လား
ရှေ့တည့်တည့်ကိုလာခဲ့ပါ
happyလေးကိုမြင်ရရင်သေပျော်ပါပြီ
ရှင်သန်ခြင်းဟာ happyကိုမျှော်နေတာပါ
ဘာပဲဖြစ်ဖြစ် တနေရာရာကhappyရေ
happy၊happy၊happy လို့နေ့၊ညတိုင်း ဘယ်သူမှမသိအောင် ခေါ်နေမိတယ်တော့တယ်happy။
27.3.2015
L.S.P
Comments
Post a Comment