အိပ်​မက်​ဟူသည်

အိပ်​မက်​ဟူသည်
_________________

သေချာ​အောင်​ မရယ်​ခဲ့ရပါဘူး
ပျော်​ဖို့​ကောင်းခဲ့တာ
အမှန်
ကိုယ်​​ထွေး​ပွေ့ယူခဲ့တဲ့ အရာ။

အိပ်​မက်​ထဲကအ​ဖော်​​ရေ
သံသရာကို မိုက်​​ကြေးခွဲ​ရအောင်
အမြဲ​ဝေး​ရခြင်းကို
ဒူး​မ​ထောက်​ချင်​​တော့ဘူး။

ဗုဒ္ဓဟူး နဲ့ ရာဟု ခွဲခြားထား
ကမ္ဘာကြီးဟာ 23½ ဒီဂရီတိမ်း​စောင်းးးးးး
အကြိုအကြားက​ထောင့်​မှန်​​တွေ
ရယ်​သံ​တွေနဲ့ က ခုန်​ကြလိမ့်​မယ် ။

ငါ့လက်​ရုံးကိုမှီ
အနုကြမ်းသမား​တွေ
ငါတို့​မေတ္တာ​တွေ ခိုးမရ​အောင်
ကိုယ်​တာဝန်​ယူနိုင်​ပါတယ်​ဆိုတဲ့
အ​ကြောင်း။

နှလုံးသားထဲ ​ကောင်းကင်​ကိုဆွဲအသွင်း
ဒါ သဘာဝကိုလွန်​ဆန်​လို့
ရေ​ပေါ်အရုပ်​​ရေးခြင်းပဲ
ဒီလို ဘ၀က အချိုးအစာကျ​အောင်​လှတယ်​။

လင်းဆက်​ပိုင်
4.2.2015


Comments