ပါးပါးလေးကပ်နီးခဲ့တဲ့ ရနံ့ချိုချိုးများ
________________________________
တနေ့နေ့ တနေရာရာမှာ ဆုံတွေ့ကြရင်.....မှတ်မိနိုင်ပါ့မလား??
ဇဝေဇဝါနဲ့ နှုတ်ဆက်ဖို့ မရဲတရဲ ဖြစ်နေမလား.....???
အရမ်းရင်းနှီးမှု့တွေနဲ့ နီးကပ်ခဲ့ကြဘူးတာ မှတ်မိနိုင်မလား???
ဒါဟာရူးသွပ်ခြင်းတစ်ခုပါပဲလေ။ဘယ်လိုမှ ထိတွေ့လို့မရတဲ့ ဧရိယာ၂ခုအလား။ ကြားမှာခြားထားတဲ့ချောက်ကမ်းတွေနဲ့ပေါ့။ ဟိုဘက်အခြမ်းနဲ့ ဒီဘက်အခြမ်း အကြည့်တွေ အကျွမ်းတဝင်ဖြစ်ခဲ့ကြတယ်။အခု ငါတို့စကားတွေ လေညှင်းလေးတွေက ဆောင်ကျဉ်းမပေးတာ့ချေပြီလေ။ခံစားမှု့တွေ ရပ်တန့်လို့ရအောင် မလွယ်ကူတော့ချိန်ပဲ။ ဒါကို ဝမ်းနည်းမှု့လို့ တံဆိပ်ကပ်ဖို့ အားမရှိတော့ဘူးရယ်။ကံကို ရိုးမယ်ဖွဲ့ အပြစ်မမြင်သလို ရေစက်လေးတွေ နောက် ဘဝဆိုတာရှိခဲ့ရင် အတူစီးဆင်ခွင့်လေ ရလို၏။ ဒီလို နံနက်အိပ်ယာထ ညအိပ်ယာဝင်တိုင်း တိတ်တခိုးလေး ဆုတောင်နေရုံထက် ပိုလို့မရတဲ့ အခြေအနေပါပဲလေ။
စက္ကန့်တံလေးရှေ့ကို တစ်လှမ်းတိုးသွားတိုင်း ငါတို့ခြေလှမ်း နောက်တစ်လှမ်းဆုတ်ရတယ်။တအိအိ ဝေးလွင့်ခြင်းမှာ အဆွေးသီချင်တွေ ဆာလောင်ရတယ်။ ဘယ်သူမှမသိတဲ့ ပုံတိုပတ်စလေးပါပဲကွယ်။ ငါတို့ရဲ့ပွေ့ဖတ်ကြည်နူးခြင်းတွေ ဆာလောင်မှု့ကို ဘယ်သူမှ အရေယူ အရောမဝင်ကြဘူးရယ်။ထားတော့ ဖြစ်ပျက်သမျှကို ရင်နာလို့လည်း မထူးခြားတော့ပါဘူး။အမှန်ဆိုတာ ဘာကိုပြောတာလဲ သိပ်မြတ်နိုးခြင်းတွေ နှစ်ဦးသားကျောခိုင်းရတာလား။ အဖြေတွေ ပုံသေနည်းဆန်တာ မုန်းလို့မဆုံးတော့ဘူးကွာ။ မျှော်လင့်ခြင်းတွေ ပန္နတ်ရိုတ်ထားတဲ့ အိမ်လေး ဆက်ပြီးမဆောက်ဖြစ်တော့တာ .....။
အကွာအဝေးကို ဆွဲချုံ့လို့ရပါသလား။
ဘာတွေ လိုအပ်နေပါသလဲ။ မတွေးသင့်တော့ပါဘူးလေ။ ကန္တဝင် ပစ္စည်းတစ်ခုလို သိမ်းဆည်းထားလိုက်ပါတယ်။အတွေး ၊စိတ်ကူးတွေ မေ့နိုင်အောင် ခေါက်ရိုးကျိုးစွာ ရှိုးကေ့ရဲ့ ထောင့်ထဲမှာ အသံမဲ့ ငုတ်တုပ်မေ့နေရပြီ။ ဘယ်တော့မှ ဝတ်ဆင်လို့မရတဲ့ သံယောဇဉ်ချည်မျှင်နဲ့ အင်္ကျီလေးပါပဲ။
တစ်ယောက်တစ်လမ်းစီ အတူတူလျှောက်ရပြီလေ။ငရဲသံတွေနဲ့ လက်ဆွဲ နှုက်ဆက်ရင်းးးး။နေခြည်နုနုလေးဟာ ပိုပြီးပူလာတယ်။နံနက်ခင်းဟာ အနက်ရောင် လမ်းတွေဟာ ကောက်ကွေ့လွန်းတယ်။ပန်းတွေ ရနံရိုင်းတယ် ။ကျန်းမာရေးတွေဆိုးဝါး သိဒ္ဓိပေါက်တဲ့ အလွမ်းတွေနဲ့ ကစဥ့်ကလျားနဲ့ ငါတို့ မေတ္တာတရားတွေ ပျက်ကြွေချိန်ဟာ နံနက်ခင်းတစ်ခုဖြစ်ခဲ့တယ်။ ဒါ့ကြောင့်မို့ အိပ်မက်တွေ ဆက်မက်ခွင့် ဆုံးရှုံးခဲ့ကြတာပေါ့ကွယ်။
30.3.2015
လင်းဆက်ပိုင်
Comments
Post a Comment