မျောနေတဲ့ရနံ့ရိုင်း
___________________
\လင်းဆက်ပိုင်\
ကျွန်တော်ဟာကျွန်တော်နဲ့မတူတော့ပဲ
အထီးကျန်မှု့နဲ့တထေရာတည်းတူနေတယ်
ကျွန်တော်မဖတ်ရသေးတဲ့သတင်းစာမှာ
ပျော်ရွှင်းခြင်းတွေရှိနေမလား
ကျွန်တော့်အတွေးဟာ သုံးစားလို့မရတော့ဘူး
မီးတောက်မီးလျှံ အပွင့်အခက်တွေနဲ့
ငါ့ကုတ်အင်္ကျီလေး ချုပ်ရိုးပြေလို့မျက်ရည်တွေစီးကျတယ်
ဈေးပေါတဲ့အင်္ကျီမို့
ဂရုဏာယဉ်ကျေးမှု့တွေ ဟာ
တယောထိုး
စီးကရက်လေးခဲ
နာရီတိုင်း အရှိုးရာတွေနဲ့
ကိုယ့်အသံကို တိတ်ဆိတ်စွာခြောင်းမြောင်းထားရင်း
အာရုံတွေ တရွတ်တိုက် အနူးညံ့ဆုံးနာကျင်သံကို
ဘယ်သူကြားလိမ့်မလဲ
အဝေးပြေးကားဂိတ်မှာ မျော်လင့်ခြင်းတွေ ခြေသံလုံလွန်းတယ် ။
19.3.2015
Comments
Post a Comment