ငါ့နားထဲမှာ လ မလင်းတော့ဘူး
_____________________________
ပဲ့ကိုင်ခွင့်မရှိတဲ့လမ်းမှာ
ဖြန့်ခင်းထားတဲ့အလွမ်းများ
ထာဝရအဖော်အဖြစ်နဲ့
ကိုယ်ခရီးတွေဆက်နေဆဲပါ။
ကိုယ်မလွတ်မြောက်နိုင်တော့ပြီ
အကြင်နာမြို့ဟောင်းကို လည်ပြန်ငေး
ကိုယ်အတ္တကျော့ကွင်းလေးတွေထဲ
ကိုယ်ပဲပြန်မိ
အချစ်ဆိုတာ
ရင်နင့်နေတဲ့ စာလုံးပေါင်းတစ်ခုပါပဲလေ။
ဟန်ဆောင်ထားတဲ့ မြို့မျက်နှာစာမှာ
သိုးယောင်ဆောင်သောအဇ္ဈတ္တနဲ့
အမှန်တရားထဲစီးဆင်နေတဲ့အမုန်းတွေ
တေးသီငှက်တွေရဲ့ငြိမ်းချမ်းမှု့ဟာ အက်ရှ ။
ကိုယ့်ကိုကိုယ် ချစ်တက်အောင်ကြိုးစားရတဲ့အခါ
အထီးကျန်နာရီထဲ
ဖြေသိမ့်စရာစက္ကန်အချို့
ကြေကွဲခြေလှမ်း
နှလုံးသားဟာ တမြေ့မြေ့ဆွေတယ်။
ဘာတွေလဲ ဘာကြောင့်လဲ
နားမလည်းတဲ့မေးခွန်းကို
ပျံ့ပျံနှံ့နှံ့ အုံ့တအေးအေး
ဝေဒနာကို နွေးထွေးပေသူမဲ့
အချည်းအနှီး နေ့ ည တွေထဲ လဲကျပေါ့။
နောက်ထပ်ဆိုတာမရှိတော့တဲ့
စိတ်ချမ်းအေးမှု့ အမှတ်တရတွေဟာ
သွေးတိုးပြီး ရင်ဘတ်အောင့်
အဝေးမြေမှချစ်ရသူရေ...
ထိန်းချုပ်ထားသမျှညည်းတွားသံ
ဒီကဗျာအဆုံးမှာ ချုပ်ငြိမ်းခွင့်ပေးပါ။
လင်းဆက်ပိုင်
14.3.2015
Comments
Post a Comment