အရိပ်ရဲ့အရိပ်ထဲမှာ
===============
[လင်းဆက်ပိုင်]
ခြုံအိပ်ကြည့်တယ် ညစဉ်တိုင်း
မေတ္တာတရားဟာ ပါးလျလွန်း
ရောင်စုံပတ်တီးလှလှလေးနဲ့
ငါ့အနွေးထည်ပဲ ပြန်ဝတ်တော့မယ်
ဘယ်တော့ချမရေးပဲ
ဆွံအနေတဲ့ ကဗျာတစ်ပုဒ်
ကျနော့်မှာ ရှိနေလေရဲ့
ရင်ခုန်သံနဲ့ အသက်ရှူတဲ့ နေ့တွေ
သေ၀ပ်စွာ သိမ်းထားပါတယ်
ဘယ်တော့မှ ဖွင့်ဟဖို့ မကြိုးစာတော့ဘူးလေ
ဒီလို....
ခမ်းနားသိမ်ငယ်ရတဲ့ သင်္ခန်းစာတွေနဲ့
ခံစားမှု့ကို တီထွင်း
စကားလုံးတိုင်းမှာ ရိုးသားသလိုလိုတီထွင်း
နာရီအဟောင်ကိုပြန်ပြင်လည်း
အရင်လို အချိန်တွေကို ပြင်လို့မရတော့
အငိုက်မိတဲ့အလှတရားဟာ
ဆူနာမီလို
သေဆုံးသွားတဲ့ ၀ိဥာဉ်မှာ
အနုပညာတွေ လျှံကျနေပေါ့
ခေးအော့ကမ္ဘာမှာ ငါးမျှားနေတဲ့အနုပညာ
အမှန်တရားမှလွဲ၍ ဘယ်သူကိုမှမယုံနိုင်တော့ပါ။
Comments
Post a Comment