စနစ်တကျတည်ဆောက်ခံရတဲ့အကြံများ
_____________________________________
အပိုင်းပိုင်း အစစ ကြေမွသွာတဲ့ မှန်စတွေထဲမှာ
ငါတို့ချစ်ခြင်းဟာ လေးနက်စေခဲ့တယ်
သံချေးတက်နေတဲ့ ကံကြမ္မာကို
ဓာတ် ဆီစိမ် တိုက်ချွတ်ရမယ်ပေါ့ ။
ပိုးသားနဲ့ကျစ်ထားတဲ့ကြိုးကို
အစွန်းအစတဖက်ဆီ
နားတစ်ဖက်ဆီမှာချည်နှောင်ပြီး
သံယောဇဉ် လို့ ကင်ပွန်းတပ်
ဖရိုဒိုက်ပုံပြင်တွေနဲ့ ညအိပ်ယာဝင်ခဲ့ကြ တယ်....။
အချစ်ဆိုတာ ကံစမ်းမဲနှိုက်သလိုပါပဲ
ပျော်ရွှင်နိုင်သလို
ဗလာလည်းကျနိုင်တယ်
ငါသွားမယ့်လမ်းကို ကျောပိုးအိတ်ထဲ ခွေခေါက်လိပ်ပြီးထည့်
ယုံကြည်မှု့နဲ့ တကျီကျီလှော်ခက်တယ်။
စိတ်ကူးထဲကမြို့ရဲ့မြေပုံ
ရင်ဘက်မှာ တက်တူးထိုးထားပြီးမှ
စကေးအမှားများ
ငါနဲ့ တေ့တေ့ကြီးလွဲခဲ့တဲ့မြို့
ဘာတွေလွဲနေသလဲ
ဒီမြေပုံကို ဇိမ်နဲ့ဖတ်လိုက်မယ်။
ပြဌာန်းစာအုပ်ဖွင့်လိုက်ပြီး
သိမှု့တွေနဲ့ တိုက် ၊စစ်ကြည့်တော့
နံရံတွေကတိတ်ဆိတ်လို့ပေါ့
အာရုံကြောတွေ ခွဲစိတ်ဖို့ လိုအပ်လာတယ်
ဆာလောင်မှု့တွေလဲလျောင်းအနားယူလိုက်ပေါ့ ။
အရမ်းပူလောင်တဲ့အခါ
ကိုယ်ကျင့်တရာကို ချွတ်ချလို့ရမလား
နောက်ထက်မရှိနိုင်တဲ့ ရိုးသားတဲ့အရောင်ပါ
စနစ်တကျ တဆွေးဆွေးငိုရအောင်
တည်ဆောက်တက်တဲ့
မင်းဟာ ကိုယ့်ရဲ့ အာခီတက်လေးပါ့ကွယ်။
လင်းဆက်ပိုင်
27.3.2015
Posted via Blogaway
Comments
Post a Comment